DVB Logo
Home
မြန်မာသတင်း
တောင်ငူ-လိပ်သိုလမ်း၌ ဖာလာတင်ယာဉ်များကို စစ်တပ်က ငွေတောင်းခံနေ
DVB
·
November 7, 2023
တောင်ငူ-လိပ်သိုလမ်း၌ ဖာလာတင်ယာဉ်များကို စစ်တပ်က ငွေတောင်းခံနေ
Donate to DVB

ကရင်ပြည်နယ်၊ တောင်ငူ-လိပ်သိုကားလမ်းတလျှောက်က ဒေသခံတွေဟာ အသက်မွေးဝမ်းကြောင်းအနေနဲ့ စိုက်ပျိုးရေးကို အားထားလုပ်ကိုင်ပြီး ဖာလာကို ၈၀ ရာခိုင်နှုန်းအထိ အဓိကထား စိုက်ပျိုးကာ သံတောင်ဒေသအတွင်း ဖာလာစိုက်ဧက သောင်းနဲ့ချီရှိပြီး ဖာလာကို ဩဂုတ်လမှာ စတင်ဆွတ်ခူးကြပါတယ်။

သံတောင်ကြီးဒေသထွက် ဖာလာစေ့ကို တရုတ်ကုန်သည်တွေက ဝယ်ယူတာဖြစ်ပြီး ရှမ်းမြောက်တိုက်ပွဲတွေ မစတင်မီက ဖာလာစေ့ ၁ ပိဿာ ၁၅,၀၀၀ ကျပ်ရှိခဲ့ရာ အခု ၁ ပိဿာ ၁၂,၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် ဖလာဈေးနှုန်း ကျဆင်းနေချိန် စစ်ကောင်စီတပ်စခန်းတွေက ဖာလာတင်ယာဉ်တွေဆီကနေ ငွေတောင်းခံနေတယ်လို့ ဖာလာစိုက် တောင်သူတယောက်က ပြောပါတယ်။

“ဂိတ်မှာ ငွေကြေးကောက်ခံတာတွေ မလုပ်ရဘူးလို့ ရေးထားတယ်။ ဒါပေမဲ့ လက်တဖက်က ပေးလိုက်ရတာပဲလေ၊ သောင်းဂဏန်းမကဘူး၊ သိန်းဂဏန်းတော့ ပေးရမှာပဲ။ တောင်းတယ်ဆို ပေးရတာပဲ၊ မပေးဘူးဆို ပြဿနာမရှိ ပြဿနာရှာတယ်။”

စစ်ကောင်စီတပ်တွေက ယာဉ်မောင်းတွေဆီကနေ ငွေကြေးတောင်းယူတာတွေကြောင့် အရင်က ကုန်တင်ခအနေနဲ့ ဖာလာ ၁ ပိဿာ ၅၀၀ ရှိခဲ့ရာက အခု ၁ ပိဿာ ကျပ် ၁,၀၀၀ ပေးနေရပါတယ်။ တောင်သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးမေးမြန်းတာတွေကြောင့် ထွက်ကုန်တွေကို ကျေးရွာတွေမှာ ရတဲ့ဈေးနဲ့ ရောင်းချနေရတယ်လို့ ဖာလာစိုက်တောင်သူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ လုပ်သားခကြီးမြင့်တာ၊ ဒေသထွက်ကုန်တွေ အထွက်နည်းလာတာတွေကြောင့် တောင်သူတွေဟာ အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဖာလာကုန်သည်တဦးက “ဖာလာက မထွက်တော့ တောင်သူတွေအတွက် အဆင်မပြေဘူး။ သူတို့ တနှစ်လုံးမှာ ဖာလာကို အားကိုးပြီးစားရတာ။ ဖာလာမရှိတော့ ကုန်သည်တွေလည်း ဒုက္ခရောက်၊ သူတို့လည်း အဆင်မပြေဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်ငူ-လိပ်သို ကားလမ်းတလျှောက်က စစ်ကောင်စီရဲ့ စစ်တောင်းဂိတ်၊ ၄ မိုင်ဂိတ်၊ ၇ မိုင်ဂိတ် အပါအဝင် တပ်စခန်းတွေက ဒေသခံပြည်သူတွေ တောင်ငူမြို့ကနေ ဝယ်ယူလာတဲ့ ဆန်နဲ့ မီးဖို‌ချောင်သုံး စားနပ်ရိက္ခာတွေကို သယ်ယူခွင့်မပြုဘဲ ကန့်သတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013