DVB Logo
Home
အားကစား
WTA အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် အီဂါ ဆွီယာတက်ခ် ဗိုလ်စွဲ
DVB
·
November 7, 2023
WTA အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် အီဂါ ဆွီယာတက်ခ် ဗိုလ်စွဲ
Donate to DVB

WTA အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပိုလန်နိုင်ငံသူ အီဂါ ဆွီယာတက်ခ်က အမေရိကန်နိုင်ငံသူ ဂျက်ဆီကာ ပက်ဂူလာကို ၆-၁၊ ၆-၀ ရလဒ်နဲ့ ၂ ပွဲဆက် အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ ကန်ကွန်မြို့မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲအတွင်း ဆွီယာတက်ခ်က အောင်မြင်မှု ရရှိခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၁ နေရာကို အရီနာ ဆာဘယ်လန်ကာဆီက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

မိုးရွာသွန်းမှုကြောင့် အချိန်နှောင့်နှေးခဲ့တဲ့ ဒီဖိုင်နယ်ပွဲစဉ်မှာ ဆွီယာတက်ခ်က ပက်ဂူလာကို ၅၉ မိနစ်အတွင်း နောက်ဆုံး ၁၁ ပွဲဆက်တိုက် အနိုင်ယူကာ သူ့ရဲ့ ပထမဆုံးသော WTA Finals ချန်ပီယံဆုကို ရရှိသွားပါတယ်။

ဒါဟာ တင်းနစ်ရာသီအကုန်မှာ ဆွီယာတက်ခ်ရဲ့ ၁၁ ပွဲဆက်တိုက် အနိုင်ရရှိမှု ဖြစ်တဲ့အပြင် ကမ္ဘာ့အဆင့် ရပ်တည်မှုရဲ့ ထိပ်ဆုံးနေရာမှာပါ ၂ နှစ်မြောက်အဖြစ် ရပ်တည်နိုင်တော့မှာပါ။

အမေရိကန်အိုးပင်း ပြိုင်ပွဲပြီးကတည်းက ဆွီယာတက်ခ်ရဲ့ ကမ္ဘာ့အဆင့် ၁ နေရာကို ဆာဘယ်လန်ကာက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဆွီယာတက်ခ် ကတော့ ကစားသမားဘဝ ဆုဖလားပေါင်း ၁၇ ခုထဲက ၆ ခုကို ဒီရာသီအတွင်း စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပိုလန်နိုင်ငံသူက ပြင်သစ်အိုးပင်း ချန်ပီယံအဖြစ်ပါ ဆက်လက်ရပ်တည်နိုင်ခဲ့တာကြောင့် သူ့ရဲ့ ၄ ခုမြောက် ဂရန်းဆလမ်း ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013