DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် လားရှိုးမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူ ၃၀၀ ခန့်ပိတ်မိနေ
DVB
·
November 7, 2023
တိုက်ပွဲကြောင့် လားရှိုးမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူ ၃၀၀ ခန့်ပိတ်မိနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လားရှိုးမြို့ရှောင်လမ်းပေါ်မှာ ခရီးသွားပြည်သူ ၃၀၀ လောက် ပိတ်မိနေပြီး အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ လာရှိုး‌မြို့လူငယ်များ လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။

လားရှိုးမြို့ရှောင်လမ်းပေါ်မှာ ခရီးသည်ကား ၁၀ စီးလောက် အပါအဝင် ခရီးသွားကားတွေက   လူပေါင်း ၃၀၀ လောက်ဟာ အောက်တိုဘာ ၂၇ ရက်ကတည်းက တိုက်ပွဲတွေကြောင့် ပိတ်မိနေတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သောက်သုံးရေနဲ့ အ‌စား‌အသောက် အကူအညီ လိုအပ်လာတာ ဖြစ်ပါတယ်။

လာရှိုး‌မြို့လူငယ်များ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက “ပိတ်မိနေတဲ့ ကားအရေအတွက်က ၁၀ စီးလောက်ရှိတယ်။ သူတို့က ဘယ်ကိုခရီးဆက်မလဲ မသိပေမဲ့ အခုဟာက တိုက်ပွဲတွေကြောင့် ရှေ့လည်းတိုးမရ၊ နောက်လည်းဆုတ်မရ အခြေအနေ ဖြစ်နေတယ်။ သူတို့လည်း ပိတ်‌မိနေတာကြာတော့ ကျနော်တို့ထံ အကူအညီတောင်းလာတာ။ ကျနော်တို့က အဓိကတော့ အစားအသောက်နဲ့ သောက်ရေ ကူညီပေးတာပါ” လို့ ပြောပါတယ်။

ပိတ်မိနေသူတွေဟာ လားရှိုးမြို့ရှောင်လမ်းပေါ်ရှိ ဆောက်လက်စ ဆီဆိုင်တဆိုင်နဲ့ ထမင်းဆိုင်တဆိုင်မှာ နေထိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်ကစပြီး TNLA၊ MNDAA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၄၇,၄၀၀ ကျော်အထိ ရှိလာပြီလို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013