DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က ရေတပ်သင်္ဘောများ ပြည်ပတွင် တည်ဆောက်ခွင့်ပြု
DVB
·
August 14, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရေတပ်သင်္ဘောတွေကို ပြည်ပမှာ တည်ဆောက်ခွင့် ပြုလိုက်သလို လေယာဉ်တင်သင်္ဘောတွေမှာလည်း ရေနွေးငွေ့သုံး လေယာဉ်ပစ်လွှတ်စနစ် ပြန်သုံးဖို့ ဩဂုတ် ၁၃ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။

ထရမ့်ပ် လက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသားလုံခြုံရေး မှတ်တမ်းအရ Gerald R. Ford Class စတုတ္ထမြောက် လေယာဉ်တင်သင်္ဘော Doris Miller မှာ လျှပ်စစ်သံလိုက် လေယာဉ်ပစ်လွှတ်စနစ်ကို မသုံးတော့ဘဲ ရေနွေးငွေ့စနစ် ပြောင်းသုံးရမှာပါ။

ဒီဇိုင်းပြောင်းလဲမှုကြောင့် အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ထပ်ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထရမ့်ပ်က EMALS လို့ခေါ်တဲ့ လျှပ်စစ်သံလိုက်စနစ်ဟာ စျေးကြီးပြီး ရေနွေးငွေ့စနစ်လောက် ထိရောက်မှုမရှိဘူးလို့ မကြာခဏ ဝေဖန်ခဲ့ပါတယ်။

ထရမ့်ပ်က “လျှပ်စစ်ပစ်လွှတ်စနစ်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ပိုသုံးထားပေမဲ့ မကောင်းပါဘူး၊ စနစ်လည်း အရမ်းရှုပ်ထွေးပါတယ်” လို့ ပြီးခဲ့တဲ့လ ပင်ဆယ်ဗေးနီးယား ကာကွယ်ရေးဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရေတပ်က ဒီစနစ်ကို ၂၀၀၉ ခုနှစ်မှာ ရွေးချယ်ခဲ့စဉ်က ကုန်ကျစရိတ် သက်သာပြီး ပြုပြင်ထိန်းသိမ်းရ လွယ်ကူမယ်လို့ ဆိုထားပါတယ်။

ဒီစနစ်ကိုထုတ်လုပ်တဲ့ General Atomics ကုမ္ပဏီကတော့ စနစ်ပြောင်းမဲ့ ဆုံးဖြတ်ချက်ကို သေချာပြန်စဉ်းစားသင့်တယ်လို့ သတိပေးထားပါတယ်။

ထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းနီးပါး ပြီးနေချိန်မှာ ပြောင်းလဲရင် ကုန်ကျစရိတ်နဲ့ အချိန်ဇယားဆိုင်ရာ အန္တရာယ်တွေ တိုးလာနိုင်တယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်မှာ ရေရှည်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြား သင်္ဘောကုမ္ပဏီတွေကိုလည်း သူတို့မိခင်နိုင်ငံမှာ အမေရိကန်ရေတပ်သင်္ဘော ၂ စင်းအထိ ယာယီတည်ဆောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013