DVB Logo
Home
မြန်မာသတင်း
မတူပီတွင် ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သား ၂ ဦးကို  ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်
DVB
·
November 6, 2023
မတူပီတွင် ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သား ၂ ဦးကို  ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်က စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတယ်လို့ CDF-မတူပီကနေ သိရပါတယ်။

မတူပီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၄၀ တပ်ရင်းက ကိုယ်ပိုင်အမှတ် တ-၅၇၁၅၇၈ တပ်သား ဉာဏ်လင်းအောင်နဲ့ တ-၅၆၂၃၈၇ တပ်သား မျိုးလင်းဦးတို့ဟာ နိုဝင်ဘာ ၅ ရက်မှာ CDF-မတူပီကနေတဆင့် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဂျွမ်းကိန်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေမှာ MA1 သေနတ်တလက်၊ ကျည်ဆန် ၁၃၄ တောင့်နဲ့ ကျည်ဘောက် ၅ ခု ယူဆောင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတာကြောင့် CDF-မတူပီက အဲဒီရဲဘော် ၂ ယောက်ကို ဂုဏ်ပြုဆုငွေ သိန်း ၆၀ ကျပ် ချီးမြှင့်ပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013