DVB Logo
Home
မြန်မာသတင်း
NUG လူ့အခွင့်အရေး ဝန်ကြီးနှင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ မြန်မာအသိုက်အဝန်း တွေ့ဆုံ (ဓာတ်ပုံ)
DVB
·
November 6, 2023
NUG လူ့အခွင့်အရေး ဝန်ကြီးနှင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ မြန်မာအသိုက်အဝန်း တွေ့ဆုံ (ဓာတ်ပုံ)
1 / 14
Donate to DVB

ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဒေသအချိန် နိုဝင်ဘာ ၅ ရက်က ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ ဆာရေးမှာ ကနေဒါရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

NUG ဝန်ကြီး ဦးအောင်မျိုးမင်းဟာ ကနေဒါ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဒေးဗစ် မော်ရစ်ဆင် အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ကနေဒါနိုင်ငံ ဒေသအသီးသီးမှာ ရောက်ရှိနေတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူတွေနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

ကနေဒါအစိုးရနဲ့ တွေ့ဆုံရာမှာ မြန်မာအကြမ်းဖက်စစ်အုပ်စုကို ဖြတ် ၃ ဖြတ် လုပ်ဆောင်ဖို့ အဓိက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။

အဆိုပါ ဖြတ် ၃ ဖြတ်ကတော့ စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့၊ လေယာဉ်ဆီအပါအဝင် လက်နက်နဲ့ နည်းပညာတင်ပို့ ရောင်းချဖြတ်တောက်ဖို့၊ အပြစ်ရှိရဲ့သားနဲ့ အရေးယူမှုမရှိတဲ့စနစ်ကိုပယ်ဖျက်ပြီး စစ်ခေါင်းဆောင်တွေကို တရားစွဲအရေးယူနိုင်ရေး လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထောက်ခံပေးဖို့၊ စစ်ကောင်စီကနေ အကြမ်းဖက်လို့ ဒုက္ခရောက်နေကြရတဲ့ နေရပ်စွန့်ခွာနေရတဲ့ မြန်မာပြည်သူ ၂ သန်းအတွက် လူသားချင်းစာနာမှု အကူအညီတွေတိုးမြှင့်ပေးဖို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တရားစီရင်ရေးတွေ စနစ်တကျ မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ဖို့အတွက် စွမ်းရည်မြှင့်တင်ရေးနဲ့ နည်းပညာ အကူအညီပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီကနေ့ NUG ဝန်ကြီးနဲ့ မြန်မာလူထု တွေ့ဆုံပွဲကို ဗြိတိသျှကိုလံဘီယာပြည်နယ်က သစ်တောဝန်ကြီးလည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဘရုစ်ရယ်လ်စတန်လည်း လာရောက်ခဲ့ပြီး မြန်မာပြည် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့အကြောင်း ပြောကြားသွားပါတယ်။

ဒီတွေ့ဆုံပွဲမှာ တေးသီချင်းတွေနဲ့ တိုင်းရင်းသားအကတွေ သီဆိုဖျော်ဖြေခဲ့ကြသလို မြန်မာ့ရိုးရာ အစားအစာတွေနဲ့ ဧည့်ခံခဲ့ကာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း ကနေဒါရောက် မြန်မာတွေက အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013