Home
မြန်မာသတင်း
မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထတော့မည် ခေါင်းစဥ်ဖြင့် ရန်ကုန်တွင် သပိတ်ပြုလုပ်
DVB
·
November 6, 2023

ရန်ကုန်မြို့၊ နာမည်ကြီး စေတီတော်တွေရှိ နတ်ကွန်းတွေမှာ မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထတော့မည် တဘောင်ခေါင်းစဥ်နဲ့ နိုဝင်ဘာ ၅ ရက်က အာဏာရှင် ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Mayangone Democratic Front (MDF) တာဝန်ရှိသူတဦးက “စစ်‌ကောင်စီက ဘိုးတော်တွေ တဘောင်တွေဆိုရင် အယုံအကြည်များကြတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ကျ‌နော်တို့ ရေးထားတဲ့စာထဲမှာတော့ အပြည့်အစုံ ပါပြီးသားပါ” လို့ ပြောပါတယ်။

နာမည်ကြီးဗေဒင်ဆရာတဦးရဲ့ အထက်ဝိဇ္ဇာလိုင်း ပုဂ္ဂိုလ်ထူးများ ညွှန်ကြားချက်ကို တဆင့်ပြောဆိုလာတာကြောင့် တန်ခိုးကြီးဘုရားတချို့မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာလို့ Mayangone Democratic Front (MDF) ထုတ်ပြန်စာမှာ တွေ့ရပါတယ်။

Kyimyindaing Networks (KMD18) အဖွဲ့ဝင်တဦးက “အကြမ်းဖက်စစ်တပ်ကို နည်းမျိုးစုံနဲ့ ကျ‌နော်တို့ တော်လှန်နေတဲ့သဘောပါပဲ။ နောက်တခု message ပေးချင်တာက အကြမ်းဖက်စစ်တပ် အလွန်အမင်း ယုံကြည်ကိုးစားနေတဲ့ ဘိုးတော်၊ မယ်တော်၊ နတ်၊ ဓာတ် ဒါတွေဟာ အမှန်တရားဘက်မှာ ရှိတယ်ဆိုတဲ့ အသွင်ကိုလည်း ပေးချင်တာပါ။ လက်ရှိအနေထားအရ လုံးဝကို ကျဆုံးခန်းရောက်နေတဲ့ အကြမ်းဖက်စစ်တပ်အတွက် အားကိုးစရာ ဘာမှ မရှိတော့ဘူး။ သူတို့ တပ်တွင်းအာဏာပါ ဆုံးရှုံးတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ စစ်မှန်တဲ့ အမှန်တရားကိုကြိုက်တဲ့ လုပ်တဲ့ ပုဂ္ဂိုလ်မှန်သမျှ မြင်ရ၊ မမြင်ရ အားလုံး တော်လှန်ရေးဘက်မှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

စုစုပေါင်း စာပိုဒ် ၉ ပိုဒ်ရှိတဲ့ မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထတော့မည် တဘောင်အပြည့်အစုံကို ၁၉၉၂ ခုနှစ်မှာ ရွှေပေါ်ကျွန်းဆရာတော်ကြီးက ရေးသားခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024