DVB Logo
Home
မြန်မာသတင်း
ကလေးမြို့က စခန်းသိမ်းတိုက်ပွဲတွင် PDF ၃ ဦးကျဆုံး၊ ပုလောတွင် ၂ ယောက် ဒဏ်ရာရ
DVB
·
November 5, 2023
ကလေးမြို့က စခန်းသိမ်းတိုက်ပွဲတွင် PDF ၃ ဦးကျဆုံး၊ ပုလောတွင် ၂ ယောက် ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ၃ ယောက် ကျဆုံးပြီး တနင်္သာရီတိုင်း ပုလောမှာလည်း လက်နက်ကြီးထိမှန်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရသွားပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ မြောက်စည်းရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်မှာတော့ စခန်းကိုသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

Chinland Defense Force- Kalay Kabaw (CDF-KKG) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ပူးပေါင်းတပ်ဘက်က စခန်းကိုသိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က RKDF (Ranger Defense Force -Kalay) တပ်ဖွဲ့ဝင် ၂ ယောက်၊ CNDF (Chin National Defense Force) တပ်ဖွဲ့ဝင် ၁ ယောက် ကျထားတယ်။ သူတို့ဘက်က ထိခိုက်မှုတော့ များထားတယ်။ လေကြောင်းက နေ့ခင်းမှာ တကြိမ်၊ ညမှာ တကြိမ်၊ ၂ ကြိမ်လာပစ်တာ” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ထိခိုက်ကျဆုံးတာတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲ‌ကြောင့် ကျော်ရွာအုပ်စုက မြောက်စည်းရွာ၊ ခုံတိုးမြို့သာရွာနဲ့ တောင်စည်းရွာက ဒေသခံ ၅,၀၀၀ ဝန်းကျင်လောက် တောတောင်တွေထဲ တိမ်းရှောင်နေကြရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့၊ ကျောင်းနိမ့်ရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပုလောစစ်ကြောင်း ၁ က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောစစ်ကြောင်း ၁ ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီမှာ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းက ဒရုန်းနဲ့ ကင်းထောက်ပြီး ကျောင်းနိမ့်ရွာကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တာပါ။ 

လက်နက်ကြီးစထိမှန်တဲ့ ရဲဘော် ၂ ယောက်ဟာ လက်မောင်းနဲ့ ဗိုက်မှာ ဒဏ်ရာရရှိခဲ့ပြီး ကျောင်းနိမ့်ရွာက ပြည်သူ့နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ပါတယ်။

ပုလောစစ်ကြောင်း ၁ က Federal Wings နဲ့ ပူးပေါင်းပြီး ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့အတွက် “ဘွဲ့ဖြူလက်နက် ဘီလူးစက်ပြင်းဖို့ ဝေဟင်ယက္ခ တောင်ပံတပ် ကူစို့” ဆိုတဲ့ ကမ်ပိန်းတခုကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကမ်ပိန်းကို အောက်တိုဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ သတ်မှတ်ထားပြီး ပုလောစစ်ကြောင်း ၁ က ပထမဆုံးပြုလုပ်တဲ့ ကမ်ပိန်းဖြစ်သလို ရန်ပုံငွေ ဒေါ်လာ ၂၅,၀၀၀ မျှော်မှန်းထားတယ်လို့ ကမ်ပိန်းတာဝန်ရှိသူက ပြောပါတယ်။

“ဒဏ်ရာရ ရဲဘော်တွေကလည်း ဆေးကုသမှုခံယူနေပါပြီ။ စိုးရိမ်စရာ အခြေအနေတော့ မရှိတော့ပါဘူး။ ကျနော်တို့ စစ်ကြောင်းမှမဟုတ် ဘယ်အဖွဲ့အစည်းမဆို ပြည်သူ လူထုအား မပါဘဲနဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်သလို၊ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည် တည်‌ဆောက်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးအနေနဲ့ ဝိုင်းဝန်းပြီးတော့ကူပေးကြဖို့ မေတ္တာရပ်ခံချင်တယ်ဗျ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013