DVB Logo
Home
မြန်မာသတင်း
တလနီးပါးအတွင်း စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၂ ဆကျော် မြင့်တက်
DVB
·
October 26, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

 

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ၂၈ ရက်တာကာလအတွင်း မြန်မာတနိုင်ငံငံလုံးအတိုင်းအတာအနေနဲ့ တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားပေးမဲ့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်  ခိုက်မှုတွေကတော့ ၂ ဆ ကျော် မြင့်တက်လာတယ်လို့ BNI - Myanmar Peace Monitor ရဲ့ တွေ့ရှိချက်မှာ ဖော်ပြပါတယ်။

၂၈ ရက်တာကာလအတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၉၃ ကြိမ်အထိ မြင့်တက်ခဲ့ပြီး ဒေသအလိုက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ကြည့်ရင် ရခိုင်ပြည်နယ်က ၃၅ ကြိမ်ထိ အများဆုံး ခံခဲ့ရပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ရှိ အင်္ကုသေဈေးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ၁၄ ကြိမ်နဲ့ ဒုတိယ၊ ကရင်နီပြည်နယ်မှာ ၈ ကြိမ်နဲ့ တတိယ၊ မကွေးနဲ့ ချင်းတို့မှာ ၇ ကြိမ်စီ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ တွေ့ရပါတယ်။

မြန်မာပြည်တ၀ှမ်း စစ်ရေးပဋိပကကြောင့် မြေပြင်တိုက်ပွဲမှာ စစ်အာဏာရှင်တပ်ဘက် ၁၃၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ့ ၂၁၄ ယောက် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့အထိ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၃,၅၃၄ ကြိမ် အထိ ရှိခဲ့တယ်လို့ BNI - Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို မြို့နယ်အလိုက် ၁ ရက် ဖြစ်စဉ်တခုအဖြစ် မှတ်တမ်းတင်ထားလို့ အကြိမ်ရေက ဒီထက်မက ပိုများနိုင်တယ်လို့ BNI - Myanmar Peace Monitor က ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

BNI - Myanmar Peace Monitor ကို တိုင်းရင်းသား သတင်းမီဒီယာများကွန်ရက်မှ ၂၀၁၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ စစ်ရေးပဋိပက္ခများနဲ့ လူ့အခွင့်အရေးဖြစ်စဉ်များကို စနစ်တကျ စောင့်ကြည့်လေ့လာပြီး အချက်အလက်များ ပြုစု ထုတ်ပြန်ပေးနေသည့် သီးခြားလွတ်လပ်သော သုတေသန စီမံကိန်းတခု ဖြစ်ပါတယ်။

Source: BNI

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013