DVB Logo
Home
မြန်မာသတင်း
အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က ၁၁ ဦး ပြည်သူဘက်ကို ပူးပေါင်းခဲ့
DVB
·
November 5, 2023
အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က ၁၁ ဦး ပြည်သူဘက်ကို ပူးပေါင်းခဲ့
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်သား ၁၁ ယောက် ပြည်သူဘက်ကို ပူးပေါင်းလာတယ်လို့ CDM စစ်သားတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ကူညီနေတဲ့ ပြည်သူ့ပန်းတိုင်ဆီအဖွဲ့ဆီက သိရပါတယ်။

လာပူးပေါင်းတဲ့စစ်သည်တွေဟာ ရှေ့တန်းက နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေဆီကနေ ဆက်သွယ်ဝင်လာတာဖြစ်ပြီး ပြည်သူ့ပန်းတိုင်က သူတို့ကို အခြေခံအသုံးဆောင်ပစ္စည်းနဲ့ စားစရာတွေ ပံ့ပိုးထားပါတယ်။

အောက်တိုဘာလအတွင်း လာရောက်ပူးပေါင်းတဲ့ တပ်တွေကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ခမရ ၄၃၂၊ စအရ ၉၁၈၊ ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် ခမရ ၇၀၁၊ စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် ထပရ ၉၂၉ နဲ့ သံဖြူဇရပ် ရဲစခန်းက ရဲတပ်ကြပ် စတဲ့သူတွေ ဖြစ်ပါတယ်။

ပြည်သူ့ပန်းတိုင်က တာဝန်ရှိသူ အင်ဂျင်နီယာတပ်၊ တပ်ကြပ်ကြီးက “ကျနော်တို့ကတော့ ပြည်သူဘက်ကရပ်တည်ပြီး အမြင်မှန်ရလာတဲ့ သူတို့အတွက် ဝမ်းသာပါတယ်။ မင်းအောင်လှိုင်စစ်တပ်ဘက်က ပြည်သူတွေကိုသတ်ဖြတ်နေတာ၊ သူတို့လည်း အဲမှာနေရင် သေကြမှာပဲလေ။ မဝင်ရသေးတဲ့ တခြားစစ်သားတွေအနေနဲ့ ပြည်သူဘက်ကို ရပ်တည်ရင် ပိုကောင်းတာပေါ့” လို့ ပြောပါတယ်။

ပြည်သူဘက် ကူးပြောင်းလာတဲ့ စစ်သားတွေအနေနဲ့ စစ်ကောင်စီဘက်ကို ပြန်တိုက်ခိုက်ချင်စိတ် ရှိပေမယ့် လွှတ်ပြီး တိုက်ခိုင်းလို့မရသေးဘူး လို့လည်း သိရပါတယ်။

၂၀၂၃ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူဘက် ပူးပေါင်းဝင်ရောက်လာသူတွေထဲမှာ စစ်ကြောင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အထိ ပါဝင်ပြီး အစုအဖွဲ့ ပူးပေါင်းပါဝင်မှုနဲ့ စစ်မျက်နှာပြင်ကနေ လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းမှုတွေလည်း များပြားလာပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ပြည်သူဘက်ကို ပူးပေါင်းလာတဲ့ တပ်မတော်သား အရေအတွက် ၄,၀၀၀ ဝန်းကျင်ရှိတယ်လို့၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရင်ခွင်ကော်မတီရဲ့ စာရင်းမှတ်တမ်းတွေအရသိရပြီး ဒီအရေအတွက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းတလျှောက် အကြီးမားဆုံး ဘက်ကူးပြောင်း ပါဝင်မှုလည်း ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကလည်း စစ်ကောင်စီတပ်သားတွေ အလင်းဝင်လာကြဖို့ ဖိတ်ခေါ်ထားပြီး ဒီအပေါ်မှာလည်း ပြည်သူ့ပန်းတိုင်က အားပေးထောက်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013