နယူးကာဆယ်အသင်းကို အနိုင်ဂိုးပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ရှက်စရာကောင်းကြောင်း နည်းပြ အာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ VAR ရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်နဲ့အတူ ၁ ဂိုး ဂိုး မရှိနဲ့ ရူံးနိမ့်ခဲ့တာပါ။
ကာဆယ်ဘက်က အနိုင်ဂိုးဖြစ်တဲ့ ဂေါ်ဒွန်ရဲ့သွင်းဂိုးနဲ့ ပတ်သက်ပြီး VAR ကနေ ဂိုးလွန်ဘောစည်း ကျော်မကျော်၊ ပြစ်ဒဏ်ဘော ဖြစ် မဖြစ်နဲ့ လူကျွံဘော ဟုတ် မဟုတ် စတဲ့အချက်သုံးချက်ကို အချိန်ယူ စစ်ဆေးခဲ့ပြီး နောက် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တာပါ။
အဲဒီဆုံးဖြတ်ချက်ဟာ အလွန်သိသာထင်ရှားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ရှက်စရာအလွန်ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း နည်းပြအာတီတာက ဝေဖန်ခဲ့တာပါ။
ရှက်စရာကောင်းလွန်းတယ်ဆိုတဲ့ စကားထက် ပိုပြောချင်ပေမဲ့ နောက်ဆက်တွဲကိစ္စတွေ ကြီးမားသွားနိုင်ကြောင်း၊ လက်ခံနိုင်စရာ မဟုတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း နည်းပြအာတီတာက ဝေဖန်ပါတယ်။
Photo-Reuters