DVB Logo
Home
မြန်မာသတင်း
ထိုင်း အထည်ချုပ်စက်ရုံတွင် ပိတ်လှောင်ခံရသည့် မြန်မာအမျိုးသမီး ၁၀ ဦးကို ကယ်တင်
DVB
·
November 4, 2023
ထိုင်း အထည်ချုပ်စက်ရုံတွင် ပိတ်လှောင်ခံရသည့် မြန်မာအမျိုးသမီး ၁၀ ဦးကို ကယ်တင်
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတခုမှာ အခန်းပိတ်လှောင် ခိုင်းစေခံနေရတဲ့ မြန်မာအမျိုးသမီး ၁၀ ယောက်ကို အောက်တိုဘာ ၁၀ ရက်နေ့က ကယ်တင်ခဲ့ပြီး နစ်‌နာကြေးရဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာ့အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့(MHAC) ဆီက သိရပါတယ်။

အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် စစ်ကိုင်းတိုင်းနဲ့ပဲခူးတိုင်းတို့က ရောက်လာတဲ့ မြန်မာအမျိုးသမီး ၁၀ ယောက်ဟာ အခန်းပိတ်လှောင် ခိုင်းစေခံရတာနဲ့ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတွေကြောင့် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ဆီကို ဆက်သွယ်အကူအညီတောင်းခံခဲ့ပါတယ်။

MHAC ကလည်း ဒုက္ခရောက်နေတဲ့ မြန်မာအမျိုးသမီးတွေက အကူအညီ တောင်းခံ လာတဲ့အတွက် ထိုင်းအစိုးရအသိမှတ်ပြု NGO အဖွဲ့အစည်းဖြစ်တဲ့ LPN အဖွဲ့နဲ့ ပူးပေါင်းပြီး ထိုင်းအာဏာပိုင်တွေနဲ့အတူ စက်ရုံကို ဝင်ရောက်စစ်ဆေးပြီး မြန်မာအမျိုးသမီးတွေကို ကယ်တင်ခဲ့တယ်လို့ MHAC ရဲ့ တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။

“သူတို့ဆက်သွယ်ကူညီတောင်းလို့ LPN ဖောင်ဒေးရှင်းနဲ့ပူးပေါင်းလက်တွဲပြီး အာဏာပိုင်တွေ နဲ့အတူ စက်ရုံကို စစ်ဆေးခဲ့တယ်။ စက်ရုံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာ အမျိုးသမီး ၁၀ ယောက်ကို ကယ်တင်ခဲ့ပါတယ်။ သူတို့ ၄ လလောက် အခန်းပိတ်လှောင် ခံပြီး မတရား အလုပ်စေခိုင်းခံရသလို လုပ်အားခ ခေါင်းပုံဖြတ်တာတွေလည်း ရှိပါတယ်။ အခုချိန်ထိ သူတို့ကို ထိုင်းအစိုးရလက်အောက်မှာရှိတဲ့ လုံခြုံမှု အားကောင်းတဲ့နေရာမှာ ထားထားပါတယ်။ တဖက်က အမှုတွေ ဖြစ်နေတယ်ဆိုတော့ သူတို့ကို ရန်ရှာ အန္တရာယ်ပြုမှာစိုးလို့ပါ” လို့ပြောပါတယ်။

အခန်းပိတ်လှောင်ပိတ်တာ၊ လုပ်အားခခေါင်းပုံဖြတ်တာတို့အတွက် ထိရောက်တဲ့ နစ်နာကြေးရအောင် အလုပ်ရှင်ကို တရားစွဲဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာအမျိုးသမီး ၁၀ ယောက်ထဲက ၇ ယောက်ဟာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် အထောက်အထား စာရွက်စာတမ်းတွေရှိပြီး ၃ ယောက်ကတော့ အထောက်အထားနဲ့ စာရွက်စာတမ်းမရှိကြပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲတွေကြောင့် အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေးအဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013