
ရုရှားရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာချိန်မှာ ယူကရိန်းနိုင်ငံ ဒန်ညက်စ် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အရာရှိတွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း အဗ်ဒီးကာမြို့နားက ရွာတွေမှာ ကျန်နေတဲ့ နောက်ဆုံး လက်ကျန် အရပ်သားတွေကို ကယ်ထုတ်ဖို့ ကူညီနေတဲ့ ဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ 'White Angels' လို့ သိကြတဲ့ ရဲ အရာရှိတွေဟာ အဗ်ဒီးကာမြို့ကနေ ၇ မိုင် ဝေးတဲ့ စတဲ့ပ်ပိုရွာက အိမ်ကနေ အဘွားတယောက် ထွက်သွားအောင် ဖြောင်းဖျဖို့ ကြိုးစားနေပုံကို ပြထားပါတယ်။
နောက်ထပ် မတိုက်ခိုက်ခင် ရုရှားဟာ အဗ်ဒီးကာ မြို့နားမှာ အင်အားပြန်စုဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းစစ်တပ်က နိုဝင်ဘာ ၂ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှအစိုးရဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့မြို့ကို အောက်တိုဘာလလယ်မှာ ဝိုင်းထားဖို့ တွန်းအား ပေးခဲ့ပြီး ယူကရိန်းနိုင်ငံထဲက တပ်စခန်း နေရာတွေကို အမြောက်တွေ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ရေး ယာဉ်တွေနဲ့ အဆက်မပြတ် ပိတ်ဆို့ထားဖို့ ကြိုးပမ်းခဲ့တယ်လို့ ယူကရိန်းဒေသခံနဲ့ စစ်ဘက် အာဏာပိုင်တွေက ပြောပါတယ်။
Source/Photo-Reuters










