DVB Logo
Home
နိုင်ငံတကာ
ဓားစာခံ ၂၄၀ မလွှတ်မချင်း ဟားမတ်စ်နှင့် အပစ်ရပ်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
November 4, 2023
ဓားစာခံ ၂၄၀ မလွှတ်မချင်း ဟားမတ်စ်နှင့် အပစ်ရပ်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
Donate to DVB

အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း ဟားမတ်စ် အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့က ဖမ်းထားတဲ့ ဓားစာခံ ၂၄၀ ကျော်ကို မလွှတ်မချင်း ဟားမတ်စ်နဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၃ ရက်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

တိုက်ပွဲတွေ ရပ်တန့်ရေး အတွက် တလအတွင်း အစ္စရေးကို ဒုတိယအကြိမ် သွားခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင် နဲ့ တွေ့ချိန်မှာ ဒီလို ပြောခဲ့တယ်လို့ နေတန်ယာဟုက ပြောလိုက်တာပါ။

ပါလက်စတိုင်းနယ်မြေကို အကူအညီတွေ တိုးပေးဖို့နဲ့ ဓားစာခံတွေ လွတ်မြောက်ရေး လွယ်ကူစေဖို့ ဂါဇာက ဟားမတ်စ်နဲ့ အစ္စရေးတို့ စစ်ပွဲကို လူသားချင်းစာနာမှု အတွက် ခေတ္တရပ်ထားဖို့ အစ္စရေးခေါင်းဆောင်တွေကို သောကြာနေ့က တိုက်တွန်းခဲ့တယ်လို့ ဘလင်ကန်က ပြောပါတယ်။

လူ ၁၄၀၀ သေဆုံးကာ ဓားစာခံ ၂၀၀ ကျော် အဖမ်းခံရတဲ့ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဟာ ပါလက်စတိုင်း ၂ ဒသမ ၃ သန်း နေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသကို လုံးဝနီးပါး ဝိုင်းရံပိတ်ဆို့ထားပါတယ်။

အစ္စရေးမြေပြင်တပ်ဖွဲ့ဝင်တွေပါ ဂါဇာကို ဝင်ပြီး ဟားမတ်စ်အဖွဲ့ကို အနီးကပ်တိုက်ခိုက် နေလို့ နိုဝင်ဘာ ၃ ရက်ညက ဂါဇာမှာ ပေါက်ကွဲမှုတွေ မီးတောက်တွေကို မြင်နေရပါတယ်။

ခုအချိန်အထိ ပါလက်စတိုင်း ၉၂၂၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်အဖွဲ့က ဂါဇာကျန်းမာရေး အာဏာပိုင်တွေကို ကိုးကားပြီး အယ်လ်ဂျားဇီး ယား သတင်းဌာနက နိုဝင်ဘာ ၄ ရက်မှာ ဖော်ပြပါတယ်။

ဂါဇာကမ်းမြောင်ဒေသသုံး ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေပြီး ရိုက်တာ သတင်းဌာနက နိုဝင်ဘာ ၃ ရက်မှာ အတည်ပြုထားတဲ့ ဗီဒီယို တခုမှာ အစ္စရေးတပ်ဖွဲ့တွေ ဝိုင်းရံထားတဲ့ ဂါဇာမြို့တောင်ဘက်နဲ့ ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ လဲနေတဲ့ အလောင်း ၇ ဦးထက် မနည်းကို တွေ့ရပါတယ်။

 ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကို အစ္စရေးစစ်တပ်က ချက်ခြင်း မတုံ့ပြန်ပါဘူး။

ဂါဇာကမ်းမြောင်တောင်ဘက်ကနေ အခုသီတင်းပတ်အစောပိုင်းက ဂါဇာကမ်းမြှောင်မြောက်ပိုင်းကို ဖြတ်တောက်ထားလိုက်ပါပြီ။ သူ့ရဲ့တပ်ဖွဲ့တွေဟာ ဂါဇာမြို့ကို နိုဝင်ဘာ ၂ ရက် နှောင်းပိုင်းမှာ ဝိုင်းထားခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013