ဂါဇာကမ်းမြောင်ဒေသတွင်း ပဋိပက္ခကို အစ္စရေးက ရပ်စဲတဲ့အပေါ် မူတည်ပြီး ဒေသတွင်း ပဋိပက္ခ တွေကို တားဆီးဖို့ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်က အမေရိကန် အစိုးရကို နိုဝင်ဘာ ၃ ရက်မှာ သတိပေး လိုက်ပါတယ်။
လက်ဘနွန်စစ်မျက်နှာက တိုက်ပွဲတွေဟာ အင်အား အပြည့်အ၀ စစ်ပွဲအဖြစ် ပြောင်းသွားဖို့ ဖြစ်နိုင်ချေ တွေ ရှိနေတယ်လို့လည်း သူက ပြောလိုက်ပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲ ဖြစ်ပြီးကတည်းက ပထမဆုံးမိန့်ခွန်းအတွင်း ဟဇ်ဘိုလာခေါင်းဆောင် ဆေးယတ် ဟတ်ဆန် နတ်စ်ရာလာက အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်ကို ခြိမ်းခြောက် ခဲ့တာပါ။
အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟဇ်ဘိုလာအဖွဲ့ဟာ မြေထဲပင်လယ်မှာ အမေရိကန် စစ်သင်္ဘောတွေကို ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းနဲ့ လက်ဘနွန်မှာ နေထိုင်တဲ့ လက်ဘနွန်နိုင်ငံသား အများအပြားက သူ့မိန့်ခွန်းကို နားထောင်ဖို့ ကော်ဖီဆိုင်တွေမှာ စုရုံးခဲ့ကြပြီး မိန့်ခွန်း အဆုံးမှာ ချီးကျူးခဲ့ကြပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အောက်တိုဘာ ၈ ရက်ကတည်းကစပြီးခုထိ လက်ဘနွန်- အစ္စရေး နယ်စပ်မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ရင်း တိုက်ခိုက်ရေးသမား ၅၅ ဦးထက်မနည်း သေဆုံး ခဲ့ပါတယ်။
နယ်စပ်မှာ ခုအချိန်အထိ ဟစ်ဇ်ဘိုလာရဲ့ တိုက်ခိုက်မှုတွေက “အားလုံးမဟုတ်သေးဘူး”လို့ နတ်စ်ရာလာက ပြောပါတယ်။
အစ္စရေး-လက်ဘနွန် မျက်နှာစာမှာ ပဋိပက္ခ တိုးမြင့်လာတာဟာ ဂါဇာက ဖြစ်ရပ်တွေနဲ့ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးရဲ့ လုပ်ရပ်အပေါ် သက်ရောက်စေတယ်လို့ ပြောခဲ့ပါတယ်။
Source/Photo-Reuters