Home
မြန်မာသတင်း
ရန်ကုန်တွင် အပျော်စီးသင်္ဘောပေါ် မီးပြင်သူ ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
November 4, 2023

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းမှာ အပျော်စီးင်္ဘောပေါ် မီးလိုင်းတပ်ဆင်သူတယောက် နိုဝင်ဘာ ၃ ရက်နေ့က ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ကူညီခဲ့တဲ့ ပရဟိတသမားတွေဆီက သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်အမျိုးသားတယောက်ဟာ နိုဝင်ဘာ ၃ ရက်၊ ညနေ ၄ နာရီအချိန် အပျော်စီးသ‌င်္ဘော‌အပေါ်မှာ မီးပြင်နေရင်း ဓာတ်လိုက်ခဲ့ပြီး သတိမေ့သွားတာကြောင့် ပရဟိတသမားတွေက ဆေးရုံပို့‌ဆောင်ပေးခဲ့မယ့် ဆေးရုံအရောက်မှာပဲ သေဆုံးခဲ့ပါတယ်။

ကူညီခဲ့တဲ့ပရဟိတသမားတယောက်က “ဖုန်းဆက် အကူအညီတောင်းလို့ ဆေးရုံပို့ဖို့ သွားရောက်ခဲ့တာပါ။ စပြီး ဖုန်းဆက်ကတည်းက လူနာသတိပြန်‌ရအောင် တခုခုမဖြစ်အောင် ပြုစုထားခိုင်းပါတယ်။ ကျနော်တို့လည်း အချိန်မီရောက်သွားပြီး ဆေးရုံ ပို့ဆောင် ပေးခဲ့ပေမယ် ဆေးရုံရောက်တဲ့အချိန်မှာပဲ သေဆုံးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ ကျွမ်းကျင်လက်မှတ်ရပြီး မီးပြင်ဆင်နေတဲ့သူ မဟုတ်ဘဲ တတ်သလောက်သိ‌သလောက်နဲ့ လုပ်ကိုင်စားသောက်နေရတဲ့သူတယောက်ဖြစ်တယ်လို့ ဒေသခံတွေပြောတာကို သိရကြောင်းလည်း သူက ဆက်ပြောပါတယ်။

‌ဓာတ်လိုက်သေဆုံးခဲ့တဲ့ အမျိုးသားကို လင်းလက်လူမှုကူညီရေးအသင်းက ရန်ကုန် ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဆေး‌ရုံအရောက်မှာ သေဆုံး သွားခဲ့တဲ့အတွက် သေမှုသေခင်းအမှတ်စဉ် PR 049 နဲ့ အပ်နှံခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024