DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းနှင့် ဖောင်းပြင်တို့တွင် စစ်စခန်းများကို PDF များက တိုက်ခိုက်
DVB
·
November 4, 2023
ဟုမ္မလင်းနှင့် ဖောင်းပြင်တို့တွင် စစ်စခန်းများကို PDF များက တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်တို့မှာ စစ်ကောင်စီစခန်းတွေကို ဒေသခံတော်လှန်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး ဖောင်းပြင်မှာတော့ စစ်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေပါတယ်။

ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ရှမ်းနီအမျိုးသား တပ်မတော် SNA တပ်ဖွဲ့ကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂ ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်အချိန်ကစလို့ ရှော့တိုက်ဒုံးတွေနဲ့ တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ပေါ်တည့်တည့် ၅ ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် HPDF -124 တပ်ဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

HPDF -124 တာဝန်ရှိသူတယောက်က “မနက် ၈ နာရီလောက်မှာတော့ ခန္တီးခရိုင် အမှတ် ၁ တပ်ရင်း၊ HPDF-124 တပ်ရင်း၊ HPDF မိုးကြိုး တပ်ဖွဲ့၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ဟုမ္မလင်း-ပလဖ) ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကြောင်း ၂ ကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက ညနေ ၅ နာရီ လောက်အထိ ကြာခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်ကျဆုံးတာမရှိဘဲ လွှစင်ကုန်းရွာမှာ ဆက်လက် တပ်စွဲထားလျက် ရှိပါတယ်။ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတော့ရှိမယ်၊ အရေအတွက်တော့ မသိရသေးဘူး။ စစ်တပ်ဘက်က စခန်းကို ပြန်ရချင်တော့ အတင်းပြန်စစ်ထိုးနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတုန်း နောင်ပိုအောင်ဘက်မှာရှိတဲ့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ကူပြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အောင်ပင်ရွာက ရွာသား ၁ ယောက် ထိခိုက်ဒဏ်ရာ နည်းနည်းရခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဆေးဝါးကုသပေးနေတယ်လို့လည်း သူကဆက် ပြောပါတယ်။

ဒေသတွင်း PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ လွှစင်ကုန်းရွာမှာ ဆက်လက်တပ်စွဲထားပြီး အကြမ်းဖက်စစ်တပ်နဲ့ အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သွားလာရာမှာ စစ်ရေးသတိအမြဲရှိကြဖို့လည်း HPDF -124 တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရေအောက်တောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ် အခြေပြုစခန်းကို ဒေသတွင်း PDF တော်လှန်ရေး ပူးပေါင်းတပ်‌ဖွဲ့‌တွေက နိုဝင်ဘာ ၁ ရက်နေ့က ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သလို စစ်တပ်ဘက်က လေယာဉ်ပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “နေ့လယ်ပိုင်းမှာ အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၃ စင်းနဲ့ ကရား၊ သာစည်၊ မိုးကောင်း၊ ကွန်းတော၊ မဲတင်ရွာနဲ့ မြို့မရွာတွေကို ပစ်ခတ်တယ်။ ရွာသားထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ၂ ရက်နေ့မှာလည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး မနက် ၁၀ နာရီဝန်းကျင်လောက်မှာ စစ်တပ်ဘက်က လေယာဉ် ၂ စင်းနဲ့ ကွန်းတော၊ ကရား၊ သာစည်၊ မိုးကောင်းရွာတွေကို လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်တယ်။ လက်နက်ကြီး တွေနဲ့လည်းပစ်တယ်” လို့ ပြောပါတယ်။

ဖောင်းပြင်မြို့ဘက်ကနေလည်း စစ်တပ်ဘက်က ချင်းတွင်းမြစ်ရေကြောင်းကနေ စစ်ကူ သင်္ဘောတွေ စုန်ဆင်းလာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ် ။

နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကိုတော့ တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာနေသလို သွားလာရေးခက်ခဲပြီး အဆက်အသွယ်ပြတ်တောက်နေလို့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013