DVB Logo
Home
မြန်မာသတင်း
မဏိပူရတွင် ရဲအရာရှိအသတ်ခံရမှုဖြင့် ဖမ်းဆီးခံရသူများထဲမှ မြန်မာ ၁၀ ဦးကို အကျဉ်းထောင်ပို့
DVB
·
November 4, 2023
မဏိပူရတွင် ရဲအရာရှိအသတ်ခံရမှုဖြင့် ဖမ်းဆီးခံရသူများထဲမှ မြန်မာ ၁၀ ဦးကို အကျဉ်းထောင်ပို့
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာ ရဲအရာရှိတယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ မြန်မာနိုင်ငံသား ၃၂ ယောက်ထဲက ၁၀ ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်နဲ့ အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ Republic World အိန္ဒိယမီဒီယာမှာ ဖော်ပြပါတယ်။

မဏိပူရရဲတပ်ဖွဲ့ရဲ့ အကြီးတန်းရဲအရာရှိ အနန်ကူးပါးဟာ စာသင်ကျောင်းမှာ ရဟတ်ယာဉ်‌ကွင်း တည်ဆောက်ဖို့ အောက်တိုဘာ ၃၁ ရက်က နေရာသွားရောက်ကြည့်ရှုစဉ် စနိုက်ပါနဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး နောက်တနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ မြန်မာ ၃၂‌ ဦးအပါအဝင် ၄၄ ဦးကို အိန္ဒိယရဲက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးထဲက ၁၀ ဦးကို နိုဝင်ဘာ ၂ ရက်နေ့မှာ ဆာဂျီဝါမြို့ရှိ နိုင်ငံခြားသား အကျဉ်းထောင်ကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်စစ်ဆေးနေပါတယ်။

မဏိပူရရဲအရာရှိတဦးက “ဖမ်းဆီးခဲ့တဲ့ ၄၄ ဦးထဲက ၃၂ ဦးက မြန်မာနိုင်ငံကနေ တရားမဝင်နည်းနဲ့ ဝင်ရောက်ခဲ့တာဖြစ်တယ်။ အဲ့ထဲက ၁၀ ဦးကိုတော့ ဆာဂျီဝါရှိ နိုင်ငံခြားသား အကျဉ်းထောင်စခန်းကို ရဟတ်ယာဉ်နဲ့ပို့ပြီး စစ်နေတယ်။ ကျန်တဲ့သူထဲက တချို့ကို ပြန်လွှတ်လိုက်သလို တချို့ကိုတော့ အင်ဖာမြို့ရဲစခန်းမှာပဲ ထားထားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူ အများစုဟာ မြန်မာနိုင်ငံက စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေ ပါဝင်နေပြီး အဲ့ထဲက အများစုဟာ ကလေးနဲ့ အမျိုးသမီးတွေသာ ဖြစ်နေပါတယ်။

မဏိပူရလူမျိုးရေးပြဿနာတွေဟာ အရင်ကတည်းက ဖြစ်နေတယ်ဆိုပေမဲ့ မဏိပူရအစိုးရကတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလာခဲ့တဲ့ ကူကီးလူမျိုးတွေကြောင့်ဖြစ်လို့ သူတို့မှာသာ တာဝန်ရှိတယ်လို့ အစဉ်အဆက် အပြစ်တင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Republic World

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013