
အစ္စရေးစစ်တပ်က ဟားမတ်စ်တပ်မှူးတဦးဖြစ်တဲ့ မူစတာဖာ ဒါလူကို လေကြောင်းတိုက်ခိုက်မှုအတွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၃ ရက်မှာ အတည်ပြုပါတယ်။
အခင်းဖြစ်ပွားရာ ဘိတ် ဟန်နွန် နယ်မြေအတွင်း ရှာဖွေရေးပြုလုပ်ခဲ့ရာမှာ AK-47 ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ မြေပုံတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဂါဇာဒေသမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က စစ်ဆင်ရေး ဆောင်ရွက်နေမှု အပါအဝင် လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဗီဒီယိုမှတ်တမ်းကိုပါ ထုတ်ပြန်ခဲ့ပါတယ်။
ဂါဇာမြို့ကို ဝိုင်းထားပြီဖြစ်တယ်လို့ အစ္စရေးဘက်က ပြောကြားခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကလည်း အစ္စရေးရဲ့ တဲလ်အဗစ်မြို့ကို ရောက်လာခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မှာ စားနပ်ရိက္ခာ၊ လောင်စာဆီ၊ ရေနဲ့ ဆေးဝါးတွေ ရှားပါးနေတာကြောင့် အရပ်သားပြည်သူတွေရဲ့ ထိခိုက်မှု လျှော့ချနိုင်ဖို့နဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှုအရ တိုက်ခိုက်မှုတွေ ခေတ္တရပ်တန့်နိုင်ဖို့ကို ဘလင်ကန်က ကြိုးပမ်းသွားဖို့ ရှိပါတယ်။
Source/Photo-Reuters