DVB Logo
Home
နိုင်ငံတကာ
နယူးယောက်မြို့တော်ဝန်၏ ရန်ပုံငွေရှာဖွေရေးအကြီးအကဲ စုံစမ်းစစ်ဆေးခံရ
DVB
·
November 3, 2023
နယူးယောက်မြို့တော်ဝန်၏ ရန်ပုံငွေရှာဖွေရေးအကြီးအကဲ စုံစမ်းစစ်ဆေးခံရ
Donate to DVB

FBI အေးဂျင့်တွေဟာ နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်ရဲ့ ရွေးကောက်ပွဲ ရန်ပုံငွေရှာဖွေရေးအဖွဲ့ အကြီးအကဲ ဘရိုင်ယန်နာ ဆပ်ဂ်စ်ရဲ့ နေအိမ်ကို နိုဝင်ဘာ ၂ ရက်က ရှာဖွေခဲ့ပြီး သူ့ကိုလည်း အကျင့်ပျက်ခြစားမှုဆိုင်ရာ အစိုးရ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်ဆေးမေးမြန်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒီမိုကရက်တစ်တဦးဖြစ်တဲ့ အဒမ်ဟာ မကြာသေးမီက ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေအတွက် မြို့တော်ရဲ့ ခိုလှုံရေးစခန်း ပြဿနာတွေကို ဖြေရှင်းဖို့ ကြာသပတေးနေ့က ဝါရှင်တန်ကို သွားရောက်ခဲ့ပြီး အမေရိကန် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လည်း နယူးယောက်ကို ပြန်ရဖို့အတွက် အဲဒီအစည်းအဝေးတွေကို ရုတ်တရက် ဖျက်သိမ်းခဲ့ပါတယ်။

မြို့တော်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖယ်ဘီယန် လယ်ဗီက  “မြို့တော်ဝန်က မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ကိစ္စတခုကို ကြားခဲ့ရတာဖြစ်ပြီး ဒီကိစ္စတွေကို အလေးအနက် ဖြေရှင်းဆောင်ရွက်ချင်လို့ တတ်နိုင်သမျှ မြန်မြန် နယူးယောက်ကို ပြန်စေချင်ခဲ့တာဖြစ်တယ်”လို့ အီးမေးလ်မှာ ရေးသားခဲ့ပါတယ်။

ဆပ်ဂ်စ်ဟာ အဒမ် မြို့တော်ဝန်မဖြစ်ခင် ဘရွတ်ကလင်းရပ်ကွက်မှာ ဥက္ကဋ္ဌဖြစ်ချိန် ၂၀၁၇ ခုနှစ်ကတည်းက အဒမ်ရဲ့ရုံးခန်းမှာ အလုပ်သင်အဖြစ် စတင်အလုပ်လုပ်ခဲ့ကြောင်း လင့်ခ်ဒင်န် လူမှုကွန်ရက်ပေါ်ရှိ သူ့ရဲ့ ကိုယ်ရေးအကျဉ်းအရ သိရပါတယ်။

ဆပ်ဂ်စ်ဟာ ၂၀၂၁ ခုနှစ်က အဒမ်ရဲ့ အောင်မြင်တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲ မဲဆွယ်မှုအတွက် ရန်ပုံငွေ ဒေါ်လာ ၁၈ ဒသမ ၄ သန်းကို စီမံခန့်ခွဲခဲ့တာဖြစ်ပြီး သူ့ရဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအတွက် အလှူငွေပေါင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ကို ကြီးကြပ်ခဲ့ကြောင်း ကမ်ပိန်း ဘဏ္ဍာရေးထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဆပ်ဂ်စ်ကို မှတ်ချက်တွေအတွက် ဆက်သွယ်လို့ မရပါဘူး။ FBI ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်း မရှိပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013