
ဗီယက်နမ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နယ်သာလန်ဝန်ကြီးချုပ် မတ်ခ်ရုတဒ်ဟာ ဗီယက်နမ်ဝန်ကြီးချုပ် ဖှမ်မင်ချင်က တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော်ကြိုဆိုပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက်နေ့က တက်ရောက်ပါတယ်။
ဝန်ကြီးချုပ်တွေဟာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ စာရွက်စာတမ်းတွေကို မဖလှယ်မီ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲမှာ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ အရေးကြီး သတ္တုတူးဖော်ရေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ အကောက်ခွန်လုပ်ငန်းစဉ်တွေ တိုးမြှင့်တာလို ကိစ္စရပ်တွေမှာ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
လက်ရှိမှာ နယ်သာလန်ဟာ ဥရောပသမဂ္ဂမှာ ဗီယက်နမ်ကုန်ပစ္စည်းတွေ အများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး အီးယူ အစုအဖွဲ့အတွင်း ဗီယက်နမ်မှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ ဝန်ကြီးချုပ် ၂ ယောက်ဟာ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားပြီး နည်းပညာမြင့် စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
ရုတဒ်ဟာ နယ်သာလန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးတဲ့ နောက်ပိုင်း ဗီယက်နမ်နိုင်ငံဆီ တတိယအကြိမ်မြောက် လာရောက် လည်ပတ်တာ ဖြစ်ပါတယ်။
Source/Photo-Reuters










