DVB Logo
Home
အားကစား
ဘရာဇီးတိုက်စစ်မှူး ရိုဒရီဂို ကို ၂၀၂၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အသင်း သက်တမ်းတိုး
DVB
·
November 3, 2023
ဘရာဇီးတိုက်စစ်မှူး ရိုဒရီဂို ကို ၂၀၂၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အသင်း သက်တမ်းတိုး
Donate to DVB

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးတိုက်စစ်မှူးရိုဒရီဂိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူးဟာ မက်ဒရစ်အတွက် ပွဲပေါင်း ၁၇၉ ပွဲ ကစားခဲ့ရာမှာ ၃၉ ဂိုးသွင်းခဲ့ပါတယ်။

သူဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက ဘရာဇီးကလပ် ဆန်းတို့စ်ကနေ ပြောင်းရွှေ့လာခဲ့သူပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရိုဒရီဂိုနဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရို ၁ ဘီလီယံ ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။ 

ရိုဒရီဂိုဟာ မက်ဒရစ်ကလပ်နဲ့ ချန်ပီယံလိဂ်၊ ဥရောစူပါဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ဆုဖလားအပါအဝင် လာလီဂါ ချန်ပီယံနှစ်ကြိမ်နဲ့ ကိုပါဒယ်ရေးဖလားတွေလည်းရယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ် ကိုလည်း ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပါတယ်။

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013