DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယား အလုပ်လျှောက်လွှာတင်သူများ ကာယကံရှင်အမည်ပေါက် ဘဏ်အကောင့် ရှိရမည်
DVB
·
November 2, 2023
တောင်ကိုရီးယား အလုပ်လျှောက်လွှာတင်သူများ ကာယကံရှင်အမည်ပေါက် ဘဏ်အကောင့် ရှိရမည်
Donate to DVB

တောင်ကိုရီးယား အလုပ်လျှောက်လွှာတင်သူတွေအနေနဲ့ ကိုယ်ပိုင် ဘဏ်အကောင့်ကိုပါ ဖော်ပြပေးရမယ်လို့ စစ်ကောင်စီလက်အောက်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကြေညာပါတယ်။

တောင်ကိုရီးယား ဘာဝါအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) စာမေးပွဲ အောင်မြင်ထားသူတွေ အလုပ်လျှောက်လွှာတင်ဖို့နဲ့ ပတ်သက်တဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ ဘဏ်အကောင့် ပါရမယ်ဆိုပြီး ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီလို ဘဏ်အကောင့် ဖော်ပြရမှာဖြစ်တဲ့အတွက် နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်တခုခုမှာ နိုင်ငံကူးလက်မှတ်ပါအမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်ငွေစာရင်းစာအုပ်မိတ္တူ ပြရမယ်လို့ အသိပေးထားပါတယ်။

တောင်ကိုရီးယားဘာသာ သင်တန်းနည်းပြတဦးက “ဒါက အလုပ်သမားတွေရဲ့ လွှဲပို့ငွေကို ချုပ်ကိုင်စောင့်ကြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် နေမှာပေါ့။ နောက် လူတွေကို ပိုကျပ်မယ့်သဘော တွေ့ရတယ်” လို့ ပြောပါတယ်။

ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေအနေနဲ့ သွားရောက်မယ့်အလုပ်သမား ဘဏ်စာရင်းဖွင့်အောင် ကြီးကြပ်ဆောင်ရွက်ဖို့ စစ်ကောင်စီက ညွှန်ကြားထားသလို POEA အနေနဲ့လည်း အဲဒီညွှန်ကြားချက်အတိုင်း လုပ်ဆောင်တာလို့ အေဂျင်စီ ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက် လုပ်ကိုင်ခဲ့ဖူးပြီး ပြန်ရောက်နေတဲ့ အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ Special EPS-TOPIK စာမေးပွဲကို အောက်တိုဘာလဆန်းက ပြုလုပ်ခဲ့ရာမှာ ဖြေဆိုသူ ၁,၇၀၀ နီးပါးအနက် ၁,၅၀၀ လောက် အောင်မြင်ခဲ့ပြီး စာမေးပွဲအောင်သူတွေ အလုပ်လျှောက်လွှာတင်ဖို့ POEA က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အလုပ်လျှောက်လွှာကို နိုဝင်ဘာ ၁ ရက် ထုတ်ပေးမှာဖြစ်ပြီး နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက်တို့မှာ ပြန်တင်ရမယ် ဆိုပြီးလည်း အသိပေးထားပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး ရောက်ရှိ လုပ်ကိုင်နေကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013