DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၌ ညအပူချိန်ကျဆင်းပြီး အအေးပိုလာ
DVB
·
November 2, 2023
ချင်းပြည်နယ်၌ ညအပူချိန်ကျဆင်းပြီး အအေးပိုလာ
Donate to DVB

ချင်းပြည်နယ် ဟားခါး၊ တွန်းဇံ၊ တီးတိန် စတဲ့မြို့တွေမှာ ညအပူချိန်တွေ စတင်ကျဆင်းပြီး အအေးပိုနေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဟားခါးမြို့နယ်မှာ အပူချိန် ၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး အောက်တိုဘာ ၂၇ ရက်လောက်ကစပြီး အအေးပိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွန်းဇံမြို့နဲ့ တီးတိန်မြို့မှာ အပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး နိုဝင်ဘာလမှာ ချင်းပြည်နယ်ရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနေပြီဖြစ်ပါတယ်။

တီးတိန်မြို့ခံတဦးက “ဆောင်းတွင်းပိုင်းဆိုတော့ အတော်အေးလာပြီ။ မိုးတော့မရွာတော့ဘူး၊ မြူတွေကျတယ်။ နှင်းတော့မကျသေးဘူး။ ၁၂ လပိုင်းမှ ကျတော့မယ်ထင်တယ်။ အရင်ထက် တော်တော် ပိုအေးလာတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မြူပိုကျဆင်းမယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013