DVB Logo
Home
နိုင်ငံတကာ
အထောက်အထားမဲ့ အာဖဂန်လူမျိုး ထောင်ချီ ပါကစ္စတန်မှ ထွက်ခွာ
DVB
·
November 1, 2023
အထောက်အထားမဲ့ အာဖဂန်လူမျိုး ထောင်ချီ ပါကစ္စတန်မှ ထွက်ခွာ
Donate to DVB

ပါကစ္စတန်နိုင်ငံကနေ အထောက်အထားမဲ့ အာဖဂန်လူမျိုးတွေ ထွက်သွားရဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် နိုဝင်ဘာ ၁ ရက် နီးကပ်လာတာနဲ့အမျှ ထောင်နဲ့ချီတဲ့ အာဖဂန်လူမျိုးတွေဟာ အောက်တိုဘာ ၃၁ ရက်က ပါကစ္စတန်နိုင်ငံ ချာမန်နယ်စပ်ဖြတ်ကျော်ဂိတ်မှာ စုပြုံနေကြပါတယ်။

အာဖဂန်မိသားစုတွေနဲ့ သူတို့ရဲ့ ဝန်စည်စလယ်တွေ မြင့်မားမို့မောက်အောင် တင်ထားတဲ့ ရာနဲ့ချီတဲ့ ထရပ်ကားတွေဟာ နယ်စပ်က ပါကစ္စတန်ဘက်ခြမ်းမှာ တန်းစီပြီး ဂိတ်ဖွင့်ချိန်ကို စောင့်ဆိုင်းနေကြရင်း သူတို့ဟာ နှင်ထုတ်ခံရပေမဲ့ သွားစရာနေရာ မရှိဘူးလို့ ပြောကြပါတယ်။

နိုဝင်ဘာ ၁ ရက် နောက်ဆုံးထားပြီး ဆန္ဒအလျောက် ထွက်ခွာကြဖို့ သတ်မှတ်ရက် ကုန်ဆုံးသွားပြီးရင် နိုဝင်ဘာ ၂ ရက်ကစပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်းမှာဖြစ်ကြောင်း ပါကစ္စတန်အစိုးရက အင်္ဂါနေ့မှာ ပြောကြားခဲ့ကြောင်း အိမ်စောင့်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ရာဇဝတ်မှု၊ လူမှောင်ခိုမှုနဲ့ အသေခံဗုံးခွဲမှု ၁၄ မှုမှာ အာဖဂန်နိုင်ငံသားတွေ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိပြီးနောက်မှာ ခုလိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်တယ်လို့ အစ္စလာမ္မာဘတ်က ပြောပါတယ်။

စစ်သွေးကြွတွေဟာ အာဖဂန်မြေကို အသုံးချကာ တိုက်ခိုက်ရေးသမားတွေကို လေ့ကျင့်ပေးပြီးတော့ ပါကစ္စတန်နိုင်ငံအတွင်းမှာ တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲထားပါတယ်။

ကဘူးလ်က ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ပါကစ္စတန်လုံခြုံရေးဟာ ပြည်တွင်းရေးပြဿနာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပါကစ္စတန်မှာ မွေးဖွားပြီး တသက်လုံး အဲဒီမှာပဲ နေထိုင်ခဲ့သူတွေ အပါအဝင် အထောက်အထားမဲ့ နေထိုင်သူပေါင်း ၁ ဒသမ ၇ သန်းလောက် ရှိနေပြီး အာဖဂန် ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည်ပေါင်း ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013