DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် ရေဘေးအကူမရကြောင်း ပြောမိသည့် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ
DVB
·
September 9, 2026
Photos - Ko Myo
Photos - Ko Myo
Donate to DVB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာဏာပိုင်တွေဆီက ရေဘေးအကူအညီ မရရှိတာကို ပြောမိတဲ့ အရပ်သားအမျိုးသမီး ၂ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာပိုင်တွေဆီက ရေဘေးအကူအညီ မရရှိကြောင်း ပြောမိတာကြောင့် လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေးနဲ့ အသက် ၄၀ ခန့်အရွယ် ဒေါ်ဝေမာတို့ ၂ ယောက်ကို စက်တင်ဘာ ၈ ရက် မနက်မှာ စစ်အာဏာရှင်တပ်နဲ့ ရဲက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံအရပ်သားတယောက်က “ရေဘေးဖြစ်နေတဲ့အချိန်မှာ အာဏာပိုင်တွေဆီ က အကူအညီတွေ မရဘူးလို့ ပြောမိတာကြောင့် ဖမ်းသွားတာလို့ သိရတယ်။ ဘယ်မှာ ဖမ်းဆီး ထားတယ်ဆိုတာတော့ မသိသေးဘူး။ အရပ်ထဲမှာပြောမိတာ။ အုပ်ကြီးက သိပြီးနောက် မနေ့ မနက်ပိုင်းက ဖမ်းခံရတာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲက ဘယ်နေရာမှာ ဖမ်းဆီးထားတယ် ဆိုတာ မသိရသလို၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ စုံစမ်းမေးမြန်းရာမှာလည်း အတိအကျ သိရှိရခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ရေဘေးဖြစ်နေတဲ့အချိန်မှာ အစိုးရဆီက အကူအညီ မရဘူးလို့ ပြောမိတာကြောင့် အုပ်ချုပ်ရေးမှူးက သတင်းပေးပြီး ဖမ်းဆီးခိုင်းတာလို့ သိရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ်အတွင်း လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်လက်အောက်ခံ တိုင်းဝန်ကြီးချုပ် အေးကျော်နဲ့ အဖွဲ့ဝင်တွေက အရပ်သား ရေဘေးသင့်ပြည်သူတွေကို ဆန်နို့ဆီဘူး ၂ လုံးနဲ့ ဆီ ၂၅ ကျပ်သားကို တကြိမ်သာ ပေးဝေခဲ့ပြီး၊ ပေးဝေခဲ့တဲ့ ဆီ ၂၅ ကျပ်သားနဲ့ ဆန်နို့ဆီဘူး ၂ လုံးမရတဲ့အပြင် ရေကြီးပြီးနောက် အချိန်တလကျော်လာတဲ့အထိ ထောက်ပံ့မှုမရတဲ့ ဒေသတွေ လည်း ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးအခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အစားအသောက်၊ သောက်သုံးရေနဲ့ အခြားအရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်က ငဝန်မြစ်ကို ကာထားတဲ့ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး အချိန်တလကျော်လာတဲ့ စက်တင်ဘာ ၉ ရက်နေ့အထိ ရေအနည်းအငယ်သာ ပြန်ကျသေးတယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013