DVB Logo
Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ထပ်လွှတ်
DVB
·
November 1, 2023
အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ထပ်လွှတ်
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ စွန့်ပစ်ဖို့နဲ့ ဆက်သွယ်ရေးလို နယ်ပယ်တွေမှာ ထောက်ပံ့ဖို့ အာရုံစိုက်ရင်း အရှေ့အလယ်ပိုင်းကို အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ထပ်လွှတ်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ အမေရိကန်ကနေ ထွက်လာမှာဖြစ်‌ေပမဲ့ အစ္စရေးနိုင်ငံထဲမှာ ရှိမှာတော့ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက ပြောပါတယ်။

ဒေသတွင်း ဟန့်တားရေး ကြိုးပမ်းချက်တွေကို ပံ့ပိုးကူညီဖို့နဲ့ အမေရိကန်ရဲ့ အင်အားသုံး ကာကွယ်ရေး စွမ်းရည်တွေကို ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ရိုက်ဒါက ပြောပါတယ်။

အခုလအတွင်း အီရတ်နဲ့ ဆီးရီးယားတို့မှာ အမေရိကန်တပ်တွေကို တိုက်ခိုက်မှု ၂၇ ကြိမ် ရှိပြီလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013