
အမေရိကန်က ပထဝီနိုင်ငံရေးမှာ လုပ်ငန်းစဉ်ဆိုင်ရာ အကြီးစား အပြောင်းအလဲတွေကို ဖြတ်သန်းဖို့ အသင့်ဖြစ်နေပြီလို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ မူဝါဒအကြီးအကဲ အယ်လ်ဘရစ်ချ် ကော်ဘီက မတ် ၂၄ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲကိုရပ်ဖို့ ရည်ရွယ်တဲ့ အကျိုးဖြစ်ထွန်းတဲ့ ဆွေးနွေးပွဲတွေ ရှိတယ်လို့ ပြောအပြီး တရက်အကြာမှာ ကော်ဘီက နယူးဒေလီမြို့တော်မှာ ပြောတဲ့ မိန့်ခွန်းအတွင်း ခုလိုပြောလိုက်တာပါ။
ကော်ဘီက “နိုင်ငံတွေဟာ လက်တွေ့အခြေအနေအသစ်တွေကို လိုက်လျောညီထွေဖြစ်အောင် မလွဲမသွေ လုပ်နေကြပါတယ်။ တခါတရံ ငြိမ်းငြိမ်းချမ်းချမ်း လုပ်လေ့ရှိပေမဲ့ မကြာခဏဆိုသလို ပဋိပက္ခတွေကတဆင့် လုပ်နေကြပါတယ်။ ဒီနေ့ ကျနော်တို့ရဲ့ ရှေ့မှာရှိတဲ့ တာဝန်က ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ နည်းလမ်းနဲ့ လုပ်ငန်းစဉ်ဆိုင်ရာ အကြီးစား အပြောင်းအလဲကာလကို ဖြတ်သန်းဖို့ပါ” လို့ ပြောပါတယ်။
ကြားဝင်စေ့စပ်ပေးသူ အိုမန်နိုင်ငံက သိသာထင်ရှားတဲ့ တိုးတက်မှုတခု လုပ်ထားပြီးပြီလို့ ပြောခဲ့ပေမဲ့ အီရန် နျူကလီးယား အစီအစဉ်ကို အဆုံးသတ်ရေး ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေမှာ လုံလောက်တဲ့ တိုးတက်မှု မရခဲ့ဘူးလို့ ပြောပြီးနောက် အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်အပေါ် စတင်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အီရန်က အမေရိကန်အခြေစိုက်စခန်းတွေကို လက်ခံထားတဲ့ နိုင်ငံတွေကို တိုက်ခိုက်ခဲ့ပြီး အဓိက ပင်လယ်ကွေ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ကုန်သွယ်မှု စုစုပေါင်းရဲ့ ငါးပုံတပုံအတွက် လမ်းကြောင်းတခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကိုလည်း ထိထိရောက်ရောက် ပိတ်ပစ်ခဲ့ပါတယ်။
Source: Reuters










