DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချက်ချင်းလက်နက်ချ လာရောက်ပူးပေါင်းရန် ယာယီသမ္မတ ဒူဝါလရှီးလ ဖိတ်ခေါ်
DVB
·
October 31, 2023
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချက်ချင်းလက်နက်ချ လာရောက်ပူးပေါင်းရန် ယာယီသမ္မတ ဒူဝါလရှီးလ ဖိတ်ခေါ်
Donate to DVB

၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုတွေကို အလေးအနက်ထား ဂုဏ်ယူကြောင်းနဲ့ စစ်တပ်ရဲ့ ဖျားယောင်မှုမှာ မှိုင်းမိနေတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ ရဲဘော်၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ PDF တွေဆီမှာ ချက်ချင်း လက်နက်ချ လာရောက်ပူးပေါင်းကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း လိုက်ပါတယ်။

အောက်တိုဘာ ၃၁ ရက် ဒီနေ့လုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေအားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ်တည်နေကြောင်း အလေးအနက်ထား ပြောလိုတယ်လို့ ဆိုပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿ ဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကိုရယူနိုင်ဖို့ ကျနော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အား တက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အား တက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖျားယောင်းမှုမှာ မှိုင်းမိရုန်းကန်နေရတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ ရဲဘော်တွေ၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေ အချိန်မလင့်မီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ PDFs တွေထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့လည်း တိုက်တွန်းပါတယ်။

ဒီနေ့အစည်းအဝေးမှာ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း လတ်တလော စစ်ရေး အရှိန်မြှင့်တင်တာတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အခုလို စုပေါင်းစစ်ဆင်ရေးတွေ ကနေတဆင့် အရှိန်အဟုန်တင်ပြီး အကြမ်းဖက်စစ်ကောင်စီကို မိမိတို့ ဒေသအသီးသီးက ဝိုင်းဝန်းသုတ်သင်ကြမယ်ဆိုရင် အောင်စည်အောင်မောင်းတီးနိုင်ဖို့ အခြေအနေဟာ များမကြာမီမှာ ရောက်ရှိလာမယ်လို့ ပြောပါတယ်။

“ဒီလိုအခြေအနေဟာ အလစ်အငိုက် ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ကျနော်တို့အားလုံး နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်အရေးတို့ကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြပါက မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာ ပြည်သူ့အောင်ပွဲကို ရရှိသွားနိုင်ပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ အခုဆိုရင် သူတို့(စစ်ကောင်စီ)ရဲ့ တခုတည်းသော ထောက်တိုင်ဖြစ်တဲ့ စစ်ရေးကဏ္ဍဘက်မှာတောင် အခြေအနေတွေ အလွန်ဆိုးဝါးနေပြီမို့ ဒီအခြေအနေ အခွင့်ကောင်းကို ကျနော်တို့ လက်မလွှတ်လိုက်ဘဲ ဆက်လက် အားကုန် ရုန်းကန်ကြရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း မြောက်ပိုင်းက စစ်ရှောင်စာရင်းတွေ ရသလောက် စုစည်းနေပြီး ကူညီထောက်ပံ့နိုင်အောင် စီမံနေတယ်လို့လည်း အစည်းအဝေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013