DVB Logo
Home
မြန်မာသတင်း
တောင်သမန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအပါအဝင် ၇ ဦးကို အရှင်ဖမ်းမိ
DVB
·
October 31, 2023
တောင်သမန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအပါအဝင် ၇ ဦးကို အရှင်ဖမ်းမိ
Donate to DVB

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ‘၁၀၂၇’ စစ်ဆင်ရေး စတင်ပြီးနောက် ‘တောင်သမန်စစ်ဆင်ရေးအဖြစ်’ ပူးပေါင်းဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်ကနေ ၃ဝ ရက်အတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအဆင့် ၃ ဦး အပါအဝင် ၇ ဦးကို စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိလိုက်တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဒီဗွီဘီကို ပြောပါတယ်။

“တောင်သမန်စစ်ဆင်ရေး စကတည်းက ယနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးရမိတယ်။ သူတို့ထဲက တချို့ကတော့ CDM လုပ်ချင်ကြောင်း တောင်းဆိုလာတာ ရှိပါတယ်။ အားလုံးကိုတော့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။ နောက်ဆက်တွဲကိုတော့ ပြောနေဆိုနေတုန်းပဲ ရှိပါသေးတယ်ဗျ။”

စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီ နယ်ခြားစောင့်တပ်က ကိုယ်ပိုင်အမှတ်- နခတ/တန ၁၀၀၂၆ ဗိုလ်မှူးပိုင်စိုးထွန်း၊ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် ၁ ဦး၊ သူနာပြုဗိုလ်အဆင့်ရှိ ၁ ဦး၊ တပ်ကြပ်ကြီးအဆင့် ဝင်းစိုး၊ တပ်ကြပ်ကြီးအဆင့်ရှိ ဇာဇာလင်းတို့နဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးတို့ကို စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းဆီးရမိလိုက်တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ တည်ရှိနေပြီး လက်ရှိအချိန်မှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန်စစ်ဆင်ရေး” ကို ပါဝင်ဆင်နွှဲနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDM ပြုလုပ်စေချင်ကြောင်း ပြောပါတယ်။

ကိုအော်စမွန်က “ကျနော်တို့ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDM လုပ်ဖို့၊ ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံဖို့ တိုက်တွန်းချင်ပါတယ်။ MDY PDF အနေနဲ့လည်း CDM တွေအတွက် လမ်းဖွင့်ပေးထားပါတယ်။ CDM ဝင်လာသူတိုင်းကိုလည်း ကောင်းကောင်းမွန်မွန် လုံခြုံစွာ ထားပါမယ်။ ဒါလေးကိုတော့ သိစေချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

MDY PDF မှာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကလည်း နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတိုက်ပွဲအတွင်း ၆ဝမမ စိန်ပြောင်း ၁ လက်၊ မောင်းပြန်ရိုင်ဖယ် ၇ လက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၇ လောင်း အပါအဝင် လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013