DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ပြည်သူ ၈ ဦးကို ခေါင်းဖြတ် ဗိုက်ခွဲသတ်ဖြတ်  
DVB
·
October 31, 2023
ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ပြည်သူ ၈ ဦးကို ခေါင်းဖြတ် ဗိုက်ခွဲသတ်ဖြတ်  
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ၈ ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားပြည်သူ ၈ ဦးကို ခေါင်းဖြတ် ဗိုက်ခွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ကာကွယ်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်က စတင်စစ်ကြောင်းထိုးခဲ့ရာ ၂၈ ရက်နေ့အထိ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေဆီကို စစ်အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်ရောက်ခဲ့ပြီး အရပ်သားပြည်သူတွေကို အခုလို သတ်ဖြတ် ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ခံခဲ့ရသူတွေဟာ သိမ္ဘာကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုအောင်နိုင်၊ အသက် ၃၄ နှစ်အရွယ် ကိုဇော်မျိုးအောင်နဲ့ အတည်မပြုနိုင်သေးတဲ့ အရပ်သားနှစ်ဦး၊ ဘုတ္ထန်းရွာသား ဦးကြည်ဝင်း၊ ပန်းပုရွာသား အသက် ၃၉ နှစ်အရွယ် ကိုငြိမ်းမင်းဦး၊ ကံပြားရွာသား အသက် ၄၃ နှစ်အရွယ် ကိုကျန်ထွန်းနဲ့ မင်းတဲကုန်းရွာသား အသက် ၆၀ အရွယ် ဦးညိုဝင်းတို့ ဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားပြည်သူတွေဟာ ကျွန်းတော်ကြီးရွာက ကိုအောင်ဇင်၊ ကိုမင်းမင်း၊ ကိုဆန်းဦး၊ ကိုဝင်းခိုင်၊ ကိုကျော်ထွန်း၊ ကံပြားရွာက ကိုတရုတ်ကြီး၊ ကိုဝင်းဟိန်းဦး၊ အုန်းတင်ရွာက ကိုနတ်စား၊ ရှမ်းတောရွာသားတွေဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုဝင်းအောင်၊ အသက် ၃၃ နှစ်အရွယ် ကိုတင်မောင်‌လင်း၊ အသက် ၂၅ နှစ်အရွယ် ကိုရဲရင့်အောင်၊ အသက် ၂၅ နှစ်အရွယ် ဟိန်းညီညီ၊ အသက် ၁၈ နှစ်အရွယ် ငြိမ်းချမ်းဖြိုး၊ အသက် ၃၂ နှစ်အရွယ် အောင်ကို၊ အသက် ၁၄ နှစ်အရွယ် မြင့်မြတ်သူ၊ အသက် ၂၀ အရွယ် သီဟကျော်၊ အသက် ၁၈ နှစ်အရွယ် စိုင်းကိုဦးနဲ့ ချစ်စမ်းသူ၊ မင်းတဲကုန်းရွာသား အသက် ၁၉ နှစ်အရွယ် အောင်ကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီပဲယင်းစစ်ရှောင် ထောက်ပံ့နေသူတဦးက “လူစိတ်နဲ့မဟုတ်ဘဲ ရက်ရက်စက်စက်ကို သတ်ဖြတ်သွားတာ။ တချို့ဆို ရုပ်အလောင်းကို မပေါ်တော့ဘူး။ ရက်အနည်းငယ်ကြာတော့ အနံ့တွေတောင်ထွက်နေပြီ။ မိသားစုဝင်တချို့က စစ်ရှောင်နေရတော့ သိကြသေးမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားပြည်သူ ၂၁ ယောက်ဟာ အခုအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်းနဲ့ သတ်ဖြတ်ခံရပြီး သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို စုပြီး မီးသင်္ဂြိုဟ်ပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘုန်းထန်ရွာက အရက်သားပြည်သူပိုင် နေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိအချိန်မှာ အဆိုပါစစ်ကြောင်းဟာ ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကနေတဆင့် ရေဦးမြို့ပေါ်ကို ဦးတည်နေတယ်လို့ မြေပြင်သတင်းတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ရေဦးမြို့နယ် အနောက်ခြမ်းရှိ မစိုးရိမ်၊ အောင်သာ၊ ပျော်ဘွယ်၊ ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း၊ မူးဆုံ၊ ရွာမိဿာ၊ မုတ်စီ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ငြုတ် စတဲ့ကျေးရွာတွေက အရပ်သားပြည်သူထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013