DVB Logo
Home
မြန်မာသတင်း
မုံးကိုးမြို့နယ်၊ ဖောင်းဆိုင် စစ်ဗျူဟာကို MNDAA  သိမ်းပိုက်
DVB
·
October 31, 2023
မုံးကိုးမြို့နယ်၊ ဖောင်းဆိုင် စစ်ဗျူဟာကို MNDAA  သိမ်းပိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်ရှိ စစ်ဗျူဟာကုန်းကို အောက်တိုဘာ ၃၀ ရက် ညနေ ၆ နာရီလောက်က ကိုးကန့် MNDAAက သိမ်းယူလိုက်ကြောင်း ဒေသခံတွေနဲ့ MNDAA တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

MNDAA နဲ့ နီးစပ်သူ တဦးက"ဖောင်းဆိုင်က မနေ့ညက ၆ နာရီမှာ ကိုးကန့်တွေ သိမ်းနိုင်ပြီ လို့တော့ ကြေညာနေတယ်။ ဒါပေမဲ့ တချို့ တဝက်တော့ ရှိနေသေးတယ်။ အခု ဒီဘက်ပိုင်းတော့ ငြိမ်ပြီ။ ကျနော်တို့ ဒီ မုံးကိုး ရှိနေသေးတယ်" လို့ ပြောပါတယ်။ 

မုံးကိုးရှိ တပ်မ ၉၉ ရဲ့ အကာအကွယ်စခန်းတခုဖြစ်တဲ့ ကောင်းလုံ စစ်ကောင်စီစခန်းကိုလည်း အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီလောက်က သိမ်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ 

ဖောင်းဆိုင်ဒေသခံ ၁ ဦးက "အဲဒီလိုတော့ ကြားနေတယ်။ အများစုတော့ ကိုးကန့်ဘက်က အတိအကျ ရောက်တဲ့ နေရာ ဗွီဒီယိုတွေ ကလစ်တွေ ရိုက်ပြီးတင်ထားတယ်။ အခု တင့်ကား ၂ စီး ရလိုက်တာတော့ သေချာပြီ။ ဒါပေမဲ့ သူတို့ ရှိနေသေးတယ်။ အဲဒီမှာ ဗျူဟာတွေ။ ဗျူဟာမှူးတွေ။ စစ်သားတွေ တော်တော် ရှိနေသေးတယ်" လို့ ပြောပါတယ်။

ဖောင်းဆိုင်ဒေသရှိ မန်းယန်နဲ့ မန်ပြိန်း စစ်ကောင်စီစခန်းနဲ့ မုံးကိုး အနီးက နမ်ဟာ စစ်ကောင်စီ စခန်းကို အောက်တိုဘာ ၂၉ ရက်မှာ MNDAA က သိမ်းလိုက်တာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ရဲ့ ပထမနေ့ ဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာလည်း ကြူကုတ် (ပန်ဆိုင်း) မြို့အဝင် တာဝါတိုင်ကုန်းက စစ်ကောင်စီ စခန်းငယ် ၁ ခုကို MNDAA က သိမ်းခဲ့ပါတယ်။ 

ကိုးကန့်သတင်းမှာတော့ အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်နေ့ အထိ မုံးကိုးဒေသမှာ စစ်ကောင်စီစခန်း ၁၂ ခုကို သိမ်းနိုင်ခဲ့ပြီး သံချပ်ကာကား အပါအဝင် လက်နက်အမြောက်အမြား သိမ်းဆည်းခဲ့ရကြောင်း သတင်း ထုတ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ရက္ခိုင့်တပ်‌တော် AA ဘက်က တပ်ရင်း ၃၃ နဲ့ ၁၁၃ အပါအဝင် တပ်ရင်း ၁၀ ရင်းခန့် MNDAA နဲ့ ပူးပေါင်းခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013