DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ
DVB
·
October 30, 2023
မုံရွာမြို့တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ
Donate to DVB

စစ်ကောင်စီက ၆၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မုံရွာမြို့ ကြာပိုင်ကျေးရွာရှိ ကလေး ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၇ ဦး လက်နက်ကြီးစမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် ည ၉ နာရီလောက်က မုံရွာမြို့ တောပုရွာ အရပ်ခေါ် (ပျူစောထီးကျေးရွာ)ရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေက အနီးနားပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးနှစ်လုံးဟာ ကြာပိုင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။

လက်နက်ကြီးစ ထိမှန်ပြီး အသက် ၈ နှစ်အရွယ် ကလေး ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ လက်ပြတ်သွားပြီး အမျိုးသားတယောက်ရဲ့ ခေါင်း၊ ခြေထောက်၊ လက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ‌သိရပါတယ်။

ကြာပိုင်ရွာနေ အမျိုသမီးတဦးက "ပစ်တဲ့ထဲက တလုံးက အိမ်ပေါ်တည့်တည့်ကိုကျတာ၊ အဲ့အိမ်မှာရှိတဲ့ မိသားစုဝင် ၅ ဦးလုံး ထိခိုက်သွားတယ်။ ဘေးအိမ်က နှစ်ဦးထဲက တယောက်က အခြေအနေစိုးရိမ်နေရတယ်။ အိပ်နေတဲ့ အချိန်ကျတာဆိုတော့ အကုန်ထိခိုက်သွားတာ"လို့ ပြောပါတယ်။

အခုလက်ရှိ အချိန်မှာတော့ လက်နက်ကြီးစမှန် ဒဏ်ရာရရှိသူ ၇ ဦးကို ဆေးကုသမှုတွေ ‌လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ကြာပိုင်ရွာနဲ့ မအူရွာတို့မှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေဟာ အခုလို စစ်ကောင်စီ က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ထိခိုက်သေဆုံးခဲ့ရသူဦးရေ အယောက် ၂၀ကျော် ရှိနေပြီလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီကလည်း မုံရွာမြို့အဝင် မအူဂိတ်ရှိ စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးစ ထိမှန်ပြီး မအူကျေးရွာ အနောက်ဘက်ခြမ်းမှ မထက်အိကို အသက် ၁၅ နှစ်ဟာ ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး ‌အမျိုးသမီးတဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မအူရွာခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီ ၅၁ မိနစ်လောက်ကလည်း စစ်ကောင်စီ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးစ ထိမှန်တာကြောင့် မအူကျေးရွာမှ မနွယ်ဝင်း (၄၅ နှစ်) ရင်ဘတ်ကို ထိမှန်သေဆုံးခဲ့ပြီး ‌အမျိုးသား ၁ ဦးနဲ့ ကလေး ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013