DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား- မိုးကောင်း ရထားခရီးစဥ် နိုဝင်ဘာ ၁ ရက် ပြန်လည်ပြေးဆွဲမည်
DVB
·
October 30, 2023
မြစ်ကြီးနား- မိုးကောင်း ရထားခရီးစဥ် နိုဝင်ဘာ ၁ ရက် ပြန်လည်ပြေးဆွဲမည်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားကနေ မိုးကောင်းထိ ရထားခရီးစဥ်ကို နိုဝင်ဘာ ၁ ရက်ကနေ စတင်ပြေးဆွဲဖို့ မြန်မာ့မီရထားက စီစဥ်နေတယ်လို့ သိရပါတယ်။

မီးရထားဌာနနဲ့ နီးစပ်သူတဦးက “နိုဝင်ဘာ ၁ ရက်နေ့ စပြေးဆွဲမယ်။ နိုဝင်ဘာ ၇ ရက်နေ့ထိ အခမဲ့စီးခွင့်ပြုမယ်လို့ ပြောတယ်။ ဘူတာကို ဆေးသုတ် ပြင်ဆင်နေကြတာကြာပြီ” လို့ ပြောပါတယ်။

မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း မီးရထားခရီးစဥ် ပြန်လည်ပြေးဆွဲနိုင်ရေး အောက်တိုဘာ ၂ ရက်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စတင်ပြေးဆွဲတဲ့ ပထမ ၇ ရက်မှာ ခရီးသွားပြည်သူတွေကို အခမဲ့လိုက်ပါ စီးနင်းခွင့်ပြုမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ရထားသံလမ်းအနီးနေထိုင်သူတဦးက “ညဘက် လူခြေတိတ်ရင် ရထားသံ ကြားလိုက်သလားလို့ ထင်မိတဲ့အကြိမ်တွေ ရှိတယ်။ စိတ်ထင်တာ နေမှာပါလေပေါ့။ ရထားလမ်းရှင်းနေ၊ စစ်ဆေးနေတာတွေ မြင်တော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။ 

စတင်ပြေးဆွဲမယ့်ရက်မှာ ဖွင့်ပွဲအခမ်းအနားတွေ ပြုလုပ်မှာဖြစ်သလို နေ့ရက်အလိုက် ပြေးဆွဲနိုင်ဖို့ ရေရှည်အစီအစဥ်တွေကို ရေးဆွဲအကောင်အထည်ဖော်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

စည်းဝေးပြီးတဲ့အချိန်မှာ  ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့က မြစ်ကြီးနားဘူဝာာရုံ နံရံတွေ ဆေးသုတ်နေတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေးပြီး ရထားပြန်လည်ပြေးဆွဲတဲ့ ဖွင့်ပွဲအခမ်းအနားကျင်းပဖို့  ဘူတာပတ်ဝန်းကျင် သန့်ရှင်းရေးအပြင်  RBE စက်ခေါင်းတွဲ လူစီးတွဲ ပြင်ဆင်တဲ့ အခြေအနေတွေအားလုံးအတွက် လာရောက်ကြည့်ရှုသွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013