DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် အပြင်မထွက်ရအမိန့် ချထား
DVB
·
October 30, 2023
ကွတ်ခိုင်တွင် အပြင်မထွက်ရအမိန့် ချထား
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့မြောက် နယ်စပ်ကုန်သွယ်ရာ လမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့မှာ အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီကစပြီး အပြင်မထွက်ရအမိန့် မာရှယ်လောကို ၁၀၂၇ စစ်ဆင်ရေးအဖွဲ့က ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"မနေ့ည မွန်းလွဲ ၂ နာရီကစ မာရှယ်လော ချထားလို့ ကွတ်ခိုင်တမြို့လုံး လူတောင် မသွားတော့ဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတယ်။ ဘယ်ဆိုင်မှ မဖွင့်တော့ဘူး" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ကွတ်ခိုင်ဈေးလည်း အစောကြီးသိမ်းပြီး ဆိုင်တွေလည်း ပိတ်ကာ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတယ်လို့ သူက ပြောပါတယ်။ 

"ကတုပ်ကျင်းနဲ့ အိမ်ထဲမှာပဲ နေရတယ်။ ဒီဘက်တော့ ၅ ရက်နေ့အထိ ပြောတယ်။ တပတ် လောက် လိုနေေသးတယ်" လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။ 

နမ့်ဖတ်ကာ၊ ခိုမုန်းဘက်က ကွတ်ခိုင်မှာ အောက်တိုဘာ ကျမ်းစာ သင်တန်းလာတဲ့ သူတွေလည်း ပြန်မရလို့ ဘုရားကျောင်းမှာပဲ သောင်တင်နေကြောင်း၊ အရပ်သားတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပေးထားဘူးလို့ ဆိုပါတယ်။ 

ကွတ်ခိုင်မြို့ ပတ်ပတ်လည်၊ သိန္နီမြို့ ပတ်ပတ်လည် အပြင် လားရှိုး - ချင်းရွှေဟော် - လောက်ကိုင် ပြည်ထောင်စု လမ်းမ နဲ့ လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမတလျှောက် ၁၀၂၇ စစ်ဆင်ရေး အဖွဲ့က နေရာယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြောက်ပိုင်း မဟာမိတ် ညီနောင်ဖြစ်တဲ့ MNDAA, TNLA, AA အဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ အောက်တိုဘာ ၂၇ ရက်နေ့ မနက် အစောပိုင်းအချိန်ကစ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့်တပ် စခန်းတွေနဲ့ ရဲစခန်းတွေကို အဓိက တိုက်ခိုက် သိမ်းယူကာ ၃ ရက်အတွင်း စစ်ကောင်စီ လက်အောက်ခံ စခန်းအများအပြား သိမ်းရတာကို အဲဒီအဖွဲ့ရဲ့ မှတ်တမ်း ဓာတ်ပုံ၊ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013