DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလနောက်ပိုင်း ကျိုက်ထီရိုးသို့ ဘုရားဖူးအများဆုံး ပြန်ရောက်လာ
DVB
·
October 29, 2023
ကိုဗစ်ကာလနောက်ပိုင်း ကျိုက်ထီရိုးသို့ ဘုရားဖူးအများဆုံး ပြန်ရောက်လာ
Donate to DVB

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ကျိုက်ထီးရိုးဘုရားကို ဘုရားဖူး အများအပြား လာရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ကိုဗစ်နဲ့ အာဏာသိမ်းတာကြောင့် ဘုရားဖူးလာရောက်တာ နည်းသွားခဲ့ပြီး အခုတော့ အနေကဇာတင်နဲ့ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ‌လည်းရှိတာကြောင့် ဘုရားဖူးတွေများနေတာပါ။

ကျိုက်ထီးရိုးဒေသခံတယောက်က “ဘုရားဖူး‌က မနေ့က‌တည်းက တောက်လျှောက် တက်နေတာ။ လပြည့်နေ့မနက် ဆွမ်းတင်ချင်လို့ တက်လာကြတာ။ ခုလက်ရှိက ဘုရားဖူးက ၁၀၀၀ ကျော်လောက် ရှိတယ်။ ခုလည်း ထပ်တက်နေတာဆိုတော့  အရေအတွက်က ဒီထက်များလာနိုင်တယ်” လို့ ပြောပါတယ်။

ဒါကြောင့် ဟိုတယ်၊ တည်းခိုးခန်း၊ အခမဲ့ဓမ္မာရုံတွေနဲ့ ထမင်းဆိုင်ခန်းတွေမှာပါ ဧည့်သည်တွေ ပြည့်နေပြီး ရင်ပြင်ပေါ်မှာပါ အိပ်နေရတယ်လို့ ဘုရားဖူးတယောက်က ပြောပါတယ်။

“ဘုရားဖူးကများတော့ ညကဆို တည်းမယ့်နေရာတောင် ရှာလို့မရပါဘူး။ အခမဲ့ဓမ္မာရုံတွေ၊ စားသောက်‌ဆိုင်တွေအပြင် တည်းခိုးခန်းတွေပါ ပြည့်နေတာ။ နေစရာမရှိတော့ ဖျာနဲ့စောင်ငှားပြီး ရင်‌ပြင်တော်ပေါ်မှာပဲ အိပ်လိုက်ရတယ်။ ရင်ပြင်တော်ပေါ်မှာ နေတဲ့သူတွေလည်းများပါတယ်” လို့ ပြောပါတယ်။

ကိုဗစ်ပိတ်ကာလနောက်ပိုင်း ဘုရားဖူးအများဆုံးဝင်ရောက်တာဖြစ်ပေမယ့် ကိုဗစ် မဖြစ်ခင် ကာလနဲ့ယှဉ်ရင်တော့ မပြောပလောက်ဘူးလို့ ဂေါပကအဖွဲ့ဝင်တယောက် ပြောပါတယ်။

“စာရင်းက မပိတ်သေးလို့ ဘုရားဖူးအရေအတွက်က သေချာပြောလို့မရသေးပါဘူး။ ကိုဗစ်ကာလနဲ့ နိုင်ငံရေးကာလပြီးရင်တော့ အခုဟာအများဆုံးပါ။ အရင်က‌နဲ့‌ယှဉ်ရင်တော့ တော်တော်ကွာတုန်းပါပဲ။ ကျနော် ဘုရားဖူးတွေ လာရောက်ဖို့မျှော်လင့်နေပေမယ့်လည်း အရင် အခြေအနေတော့ ပြန်ရောက်ဖို့မလွယ်တော့ပါဘူး” လို့ ပြောပါတယ်။

ကျိုက်ထီရိုးဘုရားပွဲဟာ မြန်မာနိုင်ငံကဘုရားပွဲတွေမှာ ရက်အရှည်ဆုံး ဘုရားပွဲဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၉ ရက်)ကနေ လာမယ့်နှစ် ကဆုန်လပြည့်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ပွဲတော်မတိုင်ခင် ကင်မွန်းစခန်းက တောင်တက်မော်တော်ယာဉ်ဂိတ်မှာ ပစ်ခတ်မှုဖြစ်တာကြောင့် ဘုရားဖူး ၃ ယောက် သေဆုံး‌ပြီး  ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်

ကျိုက်ထီးရိုးဘုရားပွဲဟာ ပုံမှန်အချိန်တွေမှာ တနှစ်ကို ဘုရားဖူးပျမ်းမျှ သိန်း ၃၀ အထိ တိုးမပေါက်ရှိခဲ့ပေမယ့် ကိုဗစ်ကာလ ၂၀၂၀ နောက်ပိုင်းမှာတော့ တနှစ်ကို ပျမ်းမျှ  ၂ သိန်း လောက်ပဲ လာတော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013