
ကမ္ဘာတဝန်းက မွတ်စလင်ဘုရားဖူးတွေဟာ နှစ်စဉ်ဆင်နွှဲနေကျ ဟာ့ဂျ်ဘုရားဖူးရာသီ စတာနဲ့ တပြိုင်နက် မေ ၁၈ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံက ဘာသာရေးမြို့တော် မက္ကာဆီ ရောက်လာခဲ့ကြပါတယ်။
ဟာ့ဂျ်ခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၁၄ ရာစုက တမန်တော် မိုဟာမက်ရဲ့ နောက်လိုက်တွေကို သွန်သင်ခဲ့တဲ့ ဘာသာရေး ထုံးတမ်းစဉ်လာတွေကို ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ မွတ်စလင်သန်းပေါင်းများစွာက မက္ကာမြို့ဆီသွားတဲ့ ဘုရားဖူးခရီးစဉ်တခုပါ။
အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေက မက္ကာမြို့ဆီ လာလည်သူတွေအတွက် ခွဲတမ်းစနစ်ကို ၁၉၈၇ ခုနှစ်မှာ စတင်ခဲ့ပါတယ်။
နိုင်ငံတခုဆီကနေ ဘုရားဖူးခွင့်ပြုထားတဲ့ လူဦးရေကို နိုင်ငံလူဦးရေရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းအထိ ကန့်သတ်ဖို့ သဘောတူခဲ့ကြပါတယ်။
အစ္စလာမ်ဘာသာရဲ့ အဓိကပွဲတော် ၂ ခုထဲက တခုဖြစ်ပြီး လာမဲ့ သီတင်းပတ် အလယ်ပိုင်းမှာ ကျင်းပမဲ့ အိဒ်အယ်လ် အဒ်ဟာ ပွဲတော်ဟာ ဟာ့ဂျ်ဘုရားဖူးခရီးစဉ်ရဲ့ အထွတ်အထိပ် ဖြစ်ပါတယ်။
Source: Reuters










