ကဆုန်လပြည့်နေ့ ရွှေတိဂုံစေတီတော်ကို ဘုရာဖူးလာကြသူများ (ဓာတ်ပုံ)
DVB
·
April 30, 2026

1 / 11
ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ရွှေတိဂုံစေတီတော်မှာ ဘုရားဖူး လာတဲ့ ပြည်သူတွေနဲ့ စည်ကားခဲ့ပြီး စတုဒိသာ တိုက်ကျွေးသူတွေလည်း များပြားခဲ့ပါတယ်။
ရွှေတိဂုံစေတီတော် အင်္ဂါထောင့်ရှိ ဘုရားအမှတ် ၄၉ ရှိ အာရုံခံဘုရားရုပ်ပွားတော်ကိုလည်း လာရောက်ဖူးမြော်သူတွေ အရင်ကထက် များပြားနေပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ ဗုဒ္ဓမြတ်စွာဘုရား ဖွားတော်မူရာ၊ ပွင့်တော်မူရာ၊ တရားဦး ဟောကြားတော်မူရာ၊ ပရိနိဗ္ဗာန်ပြုတော်မူရာ ဖွား၊ ပွင့်၊ ဟော၊ စံ နေ့ထူးနေ့မြတ်နေ့ ဖြစ်ပါတယ်။










