DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီပြုလုပ်သည့် ဆီမီး ၉၀၀၀ ပူဇော်ပွဲ လူအလာနည်းပြီး မစည်ကား
DVB
·
October 29, 2023
စစ်ကောင်စီပြုလုပ်သည့် ဆီမီး ၉၀၀၀ ပူဇော်ပွဲ လူအလာနည်းပြီး မစည်ကား
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကန္ဒနာပုထိုးတော်ကြီးမှာ အောင်တိုဘာ ၂၈ ရက်ညက စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ ဆီမီး ၉၀၀၀ ပူဇော်ပွဲနဲ့ မီပုံးပျံ ၁၅၀ စုပေါင်းလွှတ်တင်ပွဲကို ပြည်သူတွေ နည်းနည်းပဲလာကြပြီး မစည်ကားဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေဒေသခံတယောက်က “သူတို့ကျင်းပတဲ့ ပွဲတွေကို ပြည်သူတွေ လာရောက်မှု နည်းကြတယ်။ ဘာအတွက်လဲဆိုတော့ လုံခြုံရေးတွေ အပြည့်ချထားတယ်။ မသင်္ကာရင် ဟိုမေးဒီမေး စစ်ဆေးမှုတွေ ရှိနေတော့ ဘယ်ပြည်သူမှ မလာရဲကြဘူးလေ” လို့ ပြောပါတယ်။

စစ်တွေမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတယောက်ကလည်း မီပုံးပျံ ၁၅၀ စုပေါင်းလွှတ်တင်ပွဲမှာ မီးပုံးအကြီးစားတွေ လွှတ်တင်တာ မဟုတ်ဘဲ ကလေးတွေ လွှတ်တတ်ကြတဲ့ မီးပုံးငယ်လေးတွေ လွှတ်တာဖြစ်လို့ လာကြည့်တဲ့သူ နည်းတာလို့ ပြောပါတယ်။

“မီးပုံးပျံအငယ်လေးတွေ မပါရလို့ မဟုတ်ဘူးလေ။ ဌာနဆိုင်ရာတခုကို မီးပုံး အရွယ်အစားအလိုက် တလုံးကျစီ လုပ်ကြရမယ်အမိန့်ပေးလိုက်ဗျာ။ အလှဆုံးကိုရွေးပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုတွေပေးလိုက်။ မစည်မရှိပါဘူးဗျာ” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်၊ သီတင်းကျွတ် အဖိတ်နေ့ မနက်ပိုင်းကလည်း လောကာနန္ဒာ ပုထိုးတော်ကြီးမှာ သံဃာ အပါး ၅၀၀ ဆွမ်းဆန်တော်လောင်းလှူပွဲကို စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး သိန်း ၆၀၀ ဝန်းကျင်ဖိုး လှူဒါန်းခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013