DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် ထရန်စဖော်မာပေါက်ကွဲပြီး အိမ် ၂၉ လုံး မီးလောင်
DVB
·
October 29, 2023
လှိုင်သာယာတွင် ထရန်စဖော်မာပေါက်ကွဲပြီး အိမ် ၂၉ လုံး မီးလောင်
Donate to DVB

ရန်ကုန်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရှမ်းချောင်းကျေးရွာမှာ အောက်တိုဘာ ၂၈ ရက် ညပိုင်းက နေအိမ် ၂၉ လုံးမီးလောင်ခဲ့တာကြောင့် လူ ၁၂၀ ကျော် မီးဘေးသင့်သွားတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မီးလောင်မှုဟာ ည ၇ နာရီ ၅ မိနစ် လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ည ၇ နာရီ ၁၅ မိနစ်မှာ လှိုင်သာယာမီးသတ်ယာဉ်တွေ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ရပ်ကွက်နေထိုင်သူတွေရဲ့ ပြောကြားချက်အရ အောင်ချမ်းသာလမ်းထောင့်က လျှပ်စစ်ထရန်စဖော်တာ ပေါက်ထွက်ရာကနေ အိမ် ၆ လုံး မီးလောင်ခဲ့တာလို့ သိရပါတယ်။

မီးဟာ လမ်းထဲက လူနေအိမ်တွေကို ကူးစက်လာတာ‌ကြောင့် ည ၇ နာရီ ၂၄ မိနစ်လောက်မှာ Level 1 အဆင့် မီးသတ်ယာဉ်အုပ်စုတွေနဲ့ အရပ်ဖက်အသင်းတွေ ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြပါတယ်။

အရပ်ဖက်ကယ်ဆယ်ရေးအသင်းဝင်တယောက်က “level မလွှတ်ခင်မှာ အိမ် ၆ လုံးလောက် မီးကူးနေပါပြီ။ အားလုံး အလုံး ၃၀ လောက် လောင်သွားတယ်။ မီးလောင်တော့ လန့်ပြီးပြေးတဲ့ တဦးက သွပ်ပြားရှဒဏ်ရာရပါတယ်။ လောလောဆယ်တော့ ရှမ်းချောင်း( မြောက်) ဓမ္မာရုံမှာပါ” လို့ ပြောပါတယ်။

မီးလောင်မှုအတွင်း သွပ်မိုးပျဉ်ခင်းထရံကာအိမ်တွေနဲ့ အုတ်ခံကျောက်ပြားကာ ၂ ထပ်အိမ် စုစုပေါင်း ၂၈ လုံးနဲ့ ၅ ခန်းတွဲ အဆောင် ၁ ခု ပျက်စီးသွားပြီး အရပ်သား ၁ ယောက် ခြေထောက်ပြတ်ရှ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်မီးသတ်ယာဉ်တွေ၊ ထိစပ်မြို့နယ်တို့က မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ အရပ်ဖက်အသင်း ၂၀ ကျော်တို့က ရေသယ်ယာဉ်၊ လူနာတင်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့တာကြောင့် ည ၇ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုရဲ့ အကြောင်းအရင်းအမှန်နဲ့ ပျက်စီးမှုတန်ဖိုးကို မြို့နယ်မီးသတ်တပ်ဖွဲ့က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး အိမ် ၂၈ လုံး၊ အဆောင် ၁ ခုတို့ရဲ့ လူ ၁၂၀ ကျော်ဟာ ရှမ်းချောင်းဓမ္မာရုံမှာ ယာယီမီးဘေးရှောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013