DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင်နှင့် လှည်းကူးတွင် ယာဉ်တိုက်မှုများကြောင့် လူ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
DVB
·
October 28, 2023
ကြည့်မြင်တိုင်နှင့် လှည်းကူးတွင် ယာဉ်တိုက်မှုများကြောင့် လူ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ လှည်းကူးမြို့နယ်တို့မှာ အောက်တိုဘာ ၂၇ ရက်နေ့က ယာဉ်တိုက်မှုတွေကြောင့် ၁ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ စာတိုက်မှတ်တိုင်အနီးမှာ ညနေ ၄ နာရီလောက်က လှိုင်သာယာ- သခင်မြပန်းခြံပြေးဆွဲတဲ့ YBS 130 ကို မြောက်ဥက္ကလာ- သခင်မြပန်းခြံ ပြေးဆွဲတဲ့ YBS 19 က အနောက်ကနေ ဝင်တိုက်ခဲ့ပြီး YBS 19 ကို ကုန်တင်တွဲကားက ထပ်တိုက်မိတာ ဖြစ်ပါတယ်။

ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းတာဝန်ရှိသူက “YBS 19 က လူနာ ၃ ဦးထွက်ပါတယ်။ ၁ ဦးက ထိထားတာ များတယ်။ YBS ၂ စီးတိုက်နေချိန်မှာ အနောက်က တွဲကားက လမ်းလွတ်တယ်အထင်နဲ့ ဖြတ်မောင်းရင်း ထပ်တိုက်မိကြတာ။ အားလုံးကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။

ကား ၃ စီးဆင့်တိုက်ခဲ့တာကြောင့် YBS 19 ပေါ်ပါ ခရီးသည် အမျိုးသား ၁ ဦးမှာ ထိခိုက်မှုပြင်းထန်ဒဏ်ရာ၊ အမျိုးသမီး ၂ ဦးမှာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး ကယ်ဆယ်ရေးအသင်းယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ မနက် ၁၀ နာရီလောက်က လှည်းကူးမြို့နယ်၊ ရန်ကုန်အမြန်လမ်း ၆ မိုင် နားမှာ လမ်းဘေးကာထားတဲ့ သံလက်ရန်းကို လူ ၄ ယောက်ပါလာတဲ့ လူနာတင်ယာဉ်က ဝင်တိုက်မိခဲ့ပါတယ်။

အဲဒီလူနာတင်ယာဉ်ဟာ ပဲခူး၊ ကျောက်တံခါးမြို့နယ်ကနေ အသက် ၈၀ ကျော် အမျိုးသားလူနာ ၁ ယောက်ကို ရန်ကုန်ဆေးရုံပြသဖို့ တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ထိန်တောပရဟိတလူငယ်အဖွဲ့ဝင်တဦးက “DB ဖြစ်သွားတာက လူနာပါ။ အသက် ၈၀ ကျော်တဲ့ အမျိုးသား ၁ ဦးပါ။ ဒဏ်ရာရတဲ့ အမျိုးသမီးက ညှပ်ရိုးကျိုးသွားတယ်၊ ယာဉ်မောင်းက အသင်းက ဥက္ကဋ္ဌပါ။ ၉၉ မိုင် ၄ ဖာလုံကနေ ရန်ကုန်ဆေးရုံကို မောင်းလာတာပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်လို့ ဆေးရုံပြသမယ့် လူနာအမျိုးသား သေဆုံးသွားပြီး လူနာရှင် အမျိုးသမီး ၁ ယောက်မှာ ညှပ်ရိုးကျိုးဒဏ်ရာ၊ အမျိုးသား ၁ ယောက်မှာ ခါးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကာ ယာဉ်မောင်းဖြစ်သူကတော့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိ ခဲ့တာကြောင့် သက်ဆိုင်ရာဆေးရုံကို ကယ်ဆယ်ရေးအသင်းတွေက ပို့ဆောင် ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013