DVB Logo
Home
မြန်မာသတင်း
လားရှိုးနှင့် နမ့်ခမ်းတွင် စစ်စခန်း ၄ ခုကို TNLA က သိမ်းပိုက်ပြီး စစ်သား ၁၈ ဦးသေ
DVB
·
October 28, 2023
လားရှိုးနှင့် နမ့်ခမ်းတွင် စစ်စခန်း ၄ ခုကို TNLA က သိမ်းပိုက်ပြီး စစ်သား ၁၈ ဦးသေ
Donate to DVB

စစ်ဆင်ရေး ၁၀၂၇ ကနေ လားရှိုးနဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ပြီး စစ်ကောင်စီအလောင်း ၁၈ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ဒီနေ့ ထုတ်ပြန်လာပါတယ်။

ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် မဟာမိတ် ၃ ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေး ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတရပ်ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက စတင်ဆင်နွှဲနေပြီး နေ့လယ်ပိုင်းအထိမှာတော့ ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

တအာင်းပြည်နယ် တပ်မဟာ ၆ စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့နယ်မှာတော့ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ မိုင်းကျက်တပ်စခန်းနဲ့ တိန်တန်တပ်စခန်းတို့ကို TNLA က တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲအတွင်း သေနတ် ၁၄ လက်၊ RPG ၁ လက်၊ ၆၀ မမ ၂ လက်၊ စက်လက်အကြီး ၁ လက်၊ လက်ပစ်ဗုံး အလုံး ၂၀၀၊ RPG ကျည် အလုံး ၃၀၊ ၆၀ မမ ကျည် အလုံး ၅၀၊ မိုင်း၊ ကျည်ဆံတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်က နမ့်ခမ်း-နမ့်ဖတ်ကားလမ်း ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနဲ့ မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း)တို့ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်း ၁၈ လောင်းနဲ့ လက်နက်ခဲယမ်းအများကြီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၅ ကြိမ်တိုက်ခိုက်ခဲ့ပြီး ၁၂၀/၁၀၅ ဟောင်ဝေဇာ အမြောက်နဲ့လည်း တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013