
မလေးရှားနိုင်ငံရဲ့ တော်ဝင်မိသားစုတွေဟာ တောင်ပိုင်းဂျိုဟိုးပြည်နယ်က ဩဇာကြီးမားပြီး ဖြောင့်မတ်တဲ့ စူလတန်အီဘရာဟင်မ် ဆူလတန် အစ်စကန်ဒါကို နိုင်ငံရဲ့ နောက်တက်မယ့် ဘုရင်သစ်အဖြစ် အောက်တိုဘာလ ၂၇ ရက်က ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
စူလတန် အီဘရာဟင်မ်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ လက်ရှိဘုရင် အလ်-ဆူလ်တန် အဗ္ဗဒူလာ ဆီကနေ အရိုက်အရာကို လွှဲပြောင်းရယူမှာ ဖြစ်ကြောင်း တော်ဝင်အရာရှိက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဘုရင်ဟာ မလေးရှားနိုင်ငံမှာ အခမ်းအနားအများစုမှာ ပါဝင်ပေမဲ့ ကာလရှည်ကြာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လတ်တလောနှစ်ပိုင်းတွေအတွင်း ဘုရင်စနစ်ဟာ ပိုမိုလွှမ်းမိုးလာခဲ့ပြီး လက်ရှိဘုရင်ကို အာဏာကိုလိုသလို ကိုင်စွဲဖို့ တွန်းအားပေးခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ တော်ဝင်မိသားစု ၉ ဆက်ရဲ့ အကြီးအကဲတွေဟာ ဘုရင်အဖြစ် ၅ နှစ်တာ သက်တမ်းအတွက် အလှည့်ကျ ထမ်းဆောင်ကြတဲ့ ထူးခြားတဲ့စနစ် ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံ မလေးရှားဟာ ပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဘုရင်ဟာ နိုင်ငံ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်တာ ဖြစ်ပါတယ်။
Source/Photo-Reuters










