DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ညမထွက်ရအမိန့်ကို မနက် ၁ နာရီမှ ၃ နာရီအထိ ပြောင်းလဲသတ်မှတ်
DVB
·
October 27, 2023
ရန်ကုန်တွင် ညမထွက်ရအမိန့်ကို မနက် ၁ နာရီမှ ၃ နာရီအထိ ပြောင်းလဲသတ်မှတ်
Donate to DVB

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးမှာ သီတင်းကျွတ်ပွဲတော်နဲ့ စျေးရောင်းပွဲတော်တွေ ပြုလုပ်နိုင်ဖို့အတွက် အောက်တိုဘာ ၂၇ ရက်ကစပြီး ညမထွက်ရအမိန့်ကို စစ်ကောင်စီက အချိန်လျော့ သတ်မှတ်လိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒီနေ့ညကစပြီး ဘယ်နေ့ထိလဲ ဆိုတာတော့ မသိရသေးဘူး။ နောက်ထပ် ကြေညာချက် ထပ်မထုတ်မချင်း မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ ညမထွက်ရအမိန့် ပြန်ထုတ်ထားတယ်” လို့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၂၇ ရက် ညပိုင်းကစပြီး မနက် ၁ နာရီကနေ မနက် ၃ နာရီအတွင်း ညမထွက်ရကြောင်း ပြင်ဆင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက် ညကလည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ နှစ်သစ်ကူးပွဲတော် အခမ်းအနားတွေ ကျင်းပပြုလုပ်နိုင်ဖို့အတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ခဲ့ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွေက ကြေညာခဲ့ပါတယ်။

စစ်ကောင်စီအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ပွဲတော် အပါအဝင် ဆင်ခြေဖုံးမြို့နယ်တွေမှာ သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ်အဖြစ် ဘုရားပွဲတော်တွေနဲ့ စျေးရောင်းပွဲတွေမှာ လူစည်ကားစေဖို့အတွက် အခုလို ညမထွက်ရအမိန့်ကို လျေှာ့ပေါ့သတ်မှတ်တာ ဖြစ်နိုင်ကြောင်း ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013