DVB Logo
Home
မြန်မာသတင်း
နမ့်ဖတ်ကာကျေးရွာတွင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် အပါအဝင် ၂ ဦး သေဆုံး
DVB
·
October 27, 2023
နမ့်ဖတ်ကာကျေးရွာတွင် စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် အပါအဝင် ၂ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာကို စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နမ့်ဖတ်ကာ ရပ်ကွက် ၄ က ကလေးငယ်တဦးနဲ့ အမျိုးသမီးတဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

“မနက် ၇ နာရီလောက်မှာ ရွာထဲ အိမ်ပေါ်တည့်တည့် လက်နက်ကြီးကျတာ၊ ကလေးတယောက်တော့ ပွဲချင်းပြီးပဲ။ တယောက်တော့ ဆေးရုံရောက်မှ ဆုံးသွားတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ၁၂၃ တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးက နမ့်ဖတ်ကာ ရပ်ကွက် ၄ ထဲ လေးလုံးထက်မနည်း ကျရောက်ပေါက်ကွဲလို့ အသက် ၇ နှစ်အရွယ် မထုက နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး အသက် ၃၀ အရွယ် ဒေါ်နန်ဘောက်ကတော့ ဒဏ်ရာပြင်းထန်လို့ နမ့်ဖတ်ကာဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၆ နှစ်အရွယ် ကလေးတဦး အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရလို့ နမ့်ဖတ်ကာဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး ရှမ်းမြောက်တခွင်က စစ်ကောင်စီ တပ်စခန်းတွေကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကိုးကန့်တပ် MNDDA တပ်ဖွဲ့တွေ တပြိုင်တည်း တိုက်ပွဲဖော်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo - မေတ္တာရှင် လူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013