
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း နေရာတချို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အဆောက်အဦတချို့ ပျက်စီးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ဒီးမော့ဆိုအနောက်ဘက်ခြမ်း နေရာတချို့ မှာ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် လူနေအိမ် ထိခိုက်ပျက်စီးသွားပေမဲ့ လူတွေ ထိခိုက်တာမရှိခဲ့ပါဘူး။
လက်နက်ကြီးကြောင့် လွိုင်နန်းဖရှိ အမျိုးသမီးဘော်ဒါဆောင် ပျက်စီးသွားခဲ့သလို စပါးခင်းတွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလအတွင်း ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေသလို ပြည်သူလူထုတွေကို ပစ်မှတ်ထား ပစ်ခတ်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
Photo - Karenni Human Rights Group