
ကိုလံဘီယာနိုင်ငံ ပီရီယာမြို့မှာ အင်အားပြင်းငလျင်ကြောင့် ၃၆ နာရီကြာ အပျက်အစီးတွေ ကြားပိတ်မိခဲ့တဲ့ အမျိုးသမီး လာဂိုဆန်းချက်ဇ်ကို မီးသတ်အဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကိုလံဘီယာနိုင်ငံမှာ သေဆုံးသူ ၂၅၀ ကျော်သွားပြီလို့ ဆိုပါတယ်။
အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေနေပြီး ဩဂုတ် ၁၁ ရက်နေ့က အမျိုးသမီးတယောက်ကို ကယ်ဆယ်နိုင်ခဲ့တာပါ။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘိုဂိုတာ မီးသတ်တပ်ဖွဲ့၊ ပီရီယာ မီးသတ်အဖွဲ့တို့နဲ့အတူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေလည်း ပါဝင်ဆောင်ရွက်နေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ လာဂိုဆန်းချက်ဇ်ကို ဟိုတယ်အောက် အပျက်အစီးတွေကြားမှာ အသက်ရှင်လျက်တွေ့ခဲ့ကာ လက်ရှိအချိန်မှာ ဆေးရုံပို့ထားပြီလို့ ဆိုပါတယ်။
ပြင်းအား ပမာဏ ၇ ဒသမ ၄ ရှိတဲ့ အင်အားပြင်ငလျင်ကြောင့် ကိုလံဘီယာနိုင်ငံဟာ ရာစုနှစ်အတွင်း ပျက်ဆီးမှုအများဆုံးဖြစ်ခဲ့ကာ ကျောင်းတွေ၊ အိမ်တွေ၊ ကျန်းမာရေးစင်တာတွေ ပျက်စီးခဲ့ပါတယ်။
အင်္ဂါနေ့ မနက်ပိုင်းဖော်ပြချက်အရ သေဆုံးသူ ၂၅၄ ယောက်အထိ ရှိပြီလို့ သိရကာ ပီရီကာမြို့မှာတင် သေဆုံးသူ ၁၀၁ ယောက်၊ ကာလီမြို့မှာက ၉၅ ယောက်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source: Reuters










