DVB Logo
Home
နိုင်ငံတကာ
စလိုဗေးနီးယားနိုင်ငံတွင်  ကျောင်းဆရာများ ဆန္ဒပြ
DVB
·
October 27, 2023
စလိုဗေးနီးယားနိုင်ငံတွင်  ကျောင်းဆရာများ ဆန္ဒပြ
Donate to DVB

စလိုဗေးနီးယားနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ကျောင်းဆရာတွေ၊ ပညာရေး ဝန်ထမ်းတွေနဲ့ ယဉ်ကျေးမှုကဏ္ဍက အစိုးရဝန်ထမ်းတွေဟာ လစာပေးစနစ်ပြောင်းလဲဖို့ အစိုးရအဆိုပြုချက်ကို ဆန့်ကျင်တဲ့အနေနဲ့ အောက်တိုဘာ ၂၅ ရက်က မြို့တော် လူဘလီအာနာ မှာ ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရက ကျောင်းဆရာများသမဂ္ဂနဲ့ ဆရာတွေနဲ့ ကျောင်းဝန်ထမ်းတွေ ၃၆၀၀၀ ဆီ ပေးခဲ့တဲ့ အဆိုပြုချက်တွေကို လုံးဝလက်မခံနိုင်ကြောင်း သိအောင်ပြောဖို့ ဆန္ဒပြကြတာဖြစ်ကြောင်း SVIZ သမဂ္ဂ တွင်းရေးမှူးချုပ် ဘရာနီမီယာ စထရွတ်ကလ်က ပြောပါတယ်။

ဆန္ဒပြသူတွေမှာ အဓိကအားဖြင့် SVIZ သမဂ္ဂမှ အများစုပါဝင်ပြီး အဲဒီအဆိုပြုချက်ဟာ သူတို့ရဲ့အလုပ်အကိုင်နဲ့ ပညာရှင်ဂုဏ်ပုဒ်တွေကို သိသိသာသာ တန်ဖိုးနှိမ့်ချထားတာကြောင့် ဆန္ဒပြရတာ လို့ ဆိုပါတယ်။

SVIZ သမဂ္ဂအဖွဲ့ဝင် မာဂျန်ကိုလာက “အစိုးရရဲ့ ဒီအဆိုပြုချက်ကြောင့် ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်တွေမှာ ရာထူးဂုဏ်ထူး စနစ်တွေမှာ ရှုပ်ထွေးကုန်ပြီ”လို့ ပြောပါတယ်။

အစိုးရဝန်ထမ်း ကဏ္ဍမှာ လစာကွာဟမှုကို လျှော့ချဖို့ ရည်ရွယ်ထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဆရာတွေရဲ့ အဆင့်အတန်းကို နှိမ့်ချပြီး လစာလည်း နိမ့်ကျနည်းပါးသွားမှာကို ဆရာများသမဂ္ဂက စိုးရိမ်နေတာပါ။

ဆန္ဒပြသူတွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို ထည့်မစဉ်းစားရင် ပညာရေးကဏ္ဍမှာ အထွေထွေသပိတ်တွေ ဆင်နွှဲနိုင်တယ်လို့ အစိုးရကို ခြိမ်းခြောက်ခဲ့ပါတယ်။ 

 Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013