DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၀ ဦးကို ဖိလစ်ပိုင်တွင် တရားစွဲ
DVB
·
October 26, 2023
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၀ ဦးကို ဖိလစ်ပိုင်တွင် တရားစွဲ
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့က ချင်းတိုင်းရင်းသား ၅ ဦးက စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၀ ဦးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က တရားရေးဌာနမှာ အောက်တိုဘာ ၂၅ ရက်က စတင်လျှောက်ထား တရားစွဲဆိုခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ချင်းပြည်နယ် ထန်တလန်မြို့ကို ၃၆ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့က လူနေအိမ် ၂,၀၀၀ ခန့်နဲ့ ဘာသာရေးအဆောက်အအုံ အားလုံးနီးပါး ပျက်စီးခဲ့ပြီး ဘာသာရေးခေါင်းဆောင် အပါအဝင် အရပ်သားတွေကိုလည်း သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် သာမန်ကျူးလွန်တာမဟုတ်ဘဲ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေအတွက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနမှာ တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။

CHRO တာဝန်ခံက“ဖိလစ်ပိုင်နိုင်ငံရဲ့ ဖွဲ့စည်းပုံကိုက အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့်ရှိတယ်။ ၂၀၀၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ စစ်ရာဇဝတ်မှုတွေကို တရားစွဲဆိုတာ ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကို တရားစွဲခဲ့တဲ့ ထန်တလန်မြို့ခံတွေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခံခဲ့ရတဲ့ မြို့မိမြို့ဖ ပူးရာတူရဲ့ သမီး၊ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ သတ်ဖြတ်ခံခဲ့ရတဲ့ သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်ရဲ့ ဦးလေး၊ CHRO ဒုတိယအမှုဆောင်ဒါရိုက်တာ Salai Ling အပါအဝင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ထန်တလန်မြို့ခံ ၂ ဦး ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013