DVB Logo
Home
နိုင်ငံတကာ
အပစ်အခတ် ရပ်စဲလိုက်ပါက ဟားမတ်စ် အကျိုးအမြတ်ရသွားလိမ့်မည်ဟု အမေရိကန်ပြော
DVB
·
October 26, 2023
အပစ်အခတ် ရပ်စဲလိုက်ပါက ဟားမတ်စ် အကျိုးအမြတ်ရသွားလိမ့်မည်ဟု အမေရိကန်ပြော
Donate to DVB

ဂါဇာမှာအပစ်အခတ်ရပ်စဲလိုက်ရင် ဟားမတ်စ်တွေက အကျိုးအမြတ် ရသွားလိမ့်မယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ဂျွန်ကာဘီက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။

အစ္စရေးက ဝိုင်းထားတဲ့ ဂါဇာကမ်းမြောင်ထဲမှာ ပြတ်လပ်နေတဲ့ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနဲ့ လျှပ်စစ်တို့ အပါအဝင် အရပ်သားတွေအတွက် အကူအညီတွေကို ဘေးကင်းကင်း ပို့ပေးခွင့်ပြုဖို့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကို လူသားချင်းစာနာတဲ့အနေနဲ့ ခဏရပ်ပေးဖို့ တောင်းဆိုနေကြတာပါ။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တညတည်းမှာ ပါလက်စတိုင်း ၇၀၀ ကျော် သေဆုံး ခဲ့တယ်လို့ ဟားမတ်စ်တွေ အုပ်ချုပ်တဲ့ ကမ်းရိုးတန်းနယ်မြေက ကျန်းမာရေးဝန်ကြီးဌာနက ပြောအပြီး ဂါဇာကို အတားအဆီးမဲ့ အကူအညီတွေပေးဖို့ နိုင်ငံတကာ ဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။ 

အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို အမေရိကန်ပြည်ထောင်စုက လောလောဆယ် မထောက်ခံသေးဘဲ ဒီအဆင့်မှာ အပစ်အခတ် ရပ်စဲရေးဟာ ဟားမတ်စ်ကို အကျိုးရှိစေတယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဂျွန်ကာဘီ က ပြောပါတယ်။

ဟားမတ်စ်တွေဆီ လောင်စာဆီ လွှဲပို့မှု ဖြစ်နိုင်ခြေကို အစ္စရေးက စိုးရိမ်နေလို့ ဂါဇာကို လောင်စာဆီ မပို့သေးပါဘူး။ 

အစ္စရေးရဲ့ စိုးရိမ်ပူပန်မှုတွေက တရားဝင်တယ်လို့ ဂျွန်ကာဘီက အင်္ဂါနေ့မှာ ပြောပါတယ်။ ရေ၊ အစားအသောက်နဲ့ ဆေးဝါးတွေပါတဲ့ ကုန်တင်ကား ၈ စီးဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ အီဂျစ် ကနေ ဂါဇာကမ်းမြောင်ဆီ ဝင်ရောက်ခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

အမေရိကန်ဟာ ဂါဇာကမ်းမြောင်ဒေသဆီ အရေးပေါ်ပို့ဆောင်မှုတွေ ချောမွေ့စေရေးအတွက် အစ္စရေး၊ အိမ်နီးချင်း အီဂျစ်နဲ့ ကုလသမဂ္ဂတို့နဲ့ ညှိနှိုင်းနေပါတယ်။

ဂါဇာကမ်းမြောင်ဘက်ခြမ်းက ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ထောက်ပံ့ကူညီမှုတွေ စစ်ဆေးရေး လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013